Connect with us

Europe

သြစတြေးလျက မျောက်ဝံ “Puan” ကမ္ဘာ့အသက်အကြီးဆုံး ဂင်းနစ် စံချိန်ဝင်

ကမ္ဘာ့အသက်အကြီးဆုံး ဂင်းနစ် စံချိန်ဝင် ဆူမာတြား အော်ရန်ဂူတန် မျိုးနွယ်ဝင် မျောက်ဝံ “Puan” အား တွေ့ရစဉ် (ဆင်ဟွာ)

ဆစ်ဒနီ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ Perth တိရစ္ဆာန်ရုံရှိ ဆူမာတြား အော်ရန်ဂူတန် (Sumatran Orangutan) မျိုးနွယ်ဝင် မလေးရှား ဘာသာစကားဖြင့် “မစ္စစ်” အဓိပ္ပါယ်ရသော “Puan” အမည်ရှိ မျောက်ဝံ တစ်ကောင်သည် ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး မျောက်ဝံအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့ကြောင်း သိရသည်။

Perth တိရစ္ဆာန်ရုံ၏ မျောက်ဝံ ထိန်းသိမ်းသူ မာတီနာ ဟာ့တ်က “တောရိုင်း တိရစ္ဆာန်တွေထဲမှာ ဆူမာတြား အော်ရန်ဂူတန် အမတွေက အသက် ၅၀ အထိ နေနိုင်ဖို့က အလွန်ခဲယဉ်းပါတယ်၊ အခုလို နှစ် ၆၀ အထိ နေနိုင်တယ်ဆိုတာက ကြီးမားတဲ့ သမိုင်းမှတ်တိုင် တစ်ခုပါပဲ” ဟု ကြေညာချက်၌ ပြောကြားခဲ့သည်။

Puan အား တောထဲတွင် မွေးခဲ့ပြီး ၎င်း၏ အသက်ကို အတိအကျ ဖော်ပြရန်အတွက် အများကြီး လုပ်ခဲ့ရကြောင်း၊ သို့သော် အချက်အလက်တွေအရ Puan ကို ၁၉၅၆ ခုနှစ်၌ မွေးခဲ့သည်ဟု ယုံကြည်ရကြောင်း ဟာ့တ်က ပြောသည်။

Puan ကို မလေးရှားနိုင်ငံတွင် Sultan Johor က သြစတြေးလျ တိရစ္ဆာန်များအတွက် ဖလှယ်ရာတွင် လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြီး Perth တိရစ္ဆာန်ရုံ၌ ၁၉၆၈ ခုနှစ်ကတည်းက စောင့်ရှောက်လာခဲ့ခြင်း ဖြစ်သည်။

တိရစ္ဆာန်ရုံ ရောက်ကတည်းက Puan သည် ထို တိရစ္ဆာန်ရုံရှိ Orangutan မျိုးနွယ်ဝင် မျောက်ဝံများ၏ မိခင်၊ အဘွားနှင့် ဘွားအေများ ဖြစ်လာခဲ့ကြောင်း၊ အသက်အရွယ် ကြီးရင့်လွန်းသည့်အတွက် နှေးကွေးစွာ သွားလာခြင်း၊ နေပူဆာလှုံခြင်းကို နှစ်သက်နေဆဲ ဖြစ်ကြောင်းနှင့် သတိမေ့ခြင်း စသည်တို့ ခံစားနေရကြောင်း ဟာ့တ်က ဆိုသည်။

ဆူမာတြား အော်ရန်ဂူတန် မျိုးနွယ်ဝင် မျောက်ဝံများသည် ဆီအုန်းပင်များနှင့် ရော်ဘာစိုက်ခင်းများ၊ အမဲလိုက်ခြင်းနှင့် တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်ခြင်း စသည်တို့ကြောင့် မျိုးတုန်း ပျောက်ကွယ်လုနီးပါး အခြေအနေ ကြုံတွေ့နေရသည်။

ကမ္ဘာ့ တောရိုင်း တိရစ္ဆာန် ရန်ပုံငွေ (WWF) ၏ စာရင်းအရ ကမ္ဘာပေါ်တွင် ဆူမာတြား အော်ရန်ဂူတန် မျိုးနွယ်ဝင် မျောက်ဝံ ကောင်ရေ ၇,၅၀၀ ခန့်သာ ကျန်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.