ဘန်ကောက် ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ သက်တော်ရှည် ဘုရင်မင်းမြတ် ဘူမီဘော အဒူလျာဒတ်သည် ဘန်ကောက်မြို့ပေါ်ရှိ သီရိရာဇ(Siriraj)ဆေးရုံကြီးပေါ် တွင် အောက်တိုဘာလ ၁၃ ရက် ၊ ဒေသစံတော်ချိန်မွန်းလွဲ ၃နာရီ၅၂ မီနစ် တွင် နတ်ရွာစံသွားပြီဖြစ်ကြောင်း ထိုင်းဘုရင့်နန်းတော်ထုတ်ပြန်ချက်အရသိသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် တည်ငြိမ်အေးချမ်းရေး အတွက် တပ်၊ ရဲအင်အားများကို ယခင်ကထက် အင်အားပိုမို ဖြည့် တင်းခြင်း ဆောင်ရွက်နေပြီး အင်အားတိုးဖြည့်တင်းရာတွင် ရဟတ်ယာဉ် များကိုပါ အသုံးပြုပြီး ရွှေ့ပြောင်းဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အောက်တိုဘာ...
ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ကျဆုံးသွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၏ ကျန်ရစ်သူ မိသားစုဝင်များကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပထမ အကြိမ် ကျပ်သိန်းပေါင်း ၃၃၁ သိန်းကျော်အား ယနေ့အောက်တိုဘာ ၁၃ ရက်တွင် ထောက်ပံ့ ကူညီပေးအပ်ခဲ့ကြောင်း ပြန်ကြားရေး...
ဆိုးလ်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် Galaxy Note 7 စမတ်ဖုန်း ပိုင်ရှင်များအတွက် ငွေပြန်အမ်းပေးခြင်းနှင့် လဲလှယ်ပေးခြင်း အစီအစဉ်များအား ဆမ်ဆောင်း အီလက်ထရောနစ်က အောက်တိုဘာလ ၁၃ ရက်တွင် စတင်လုပ်ဆောင်ပေးနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယာဉ်လမ်းကြောများ၌ ပြေးဆွဲနေသော ကုန်သေတ္တာတင် ကွန်တိန်နာယာဉ် ကြီးများကို နိုဝင်ဘာ ၁ရက်နေ့မှစပြီး အချိန်အကန့်အသတ်ဖြင့်သာ ဝင်ရောက်ပြေးဆွဲရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကြေညာချက်ထုတ်ပြန်လိုက်သည်။
နေပြည်တော်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) နွေရာသီတွင် လျှပ်စစ်ဓာတ်အား ဖူလုံရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် မဂ္ဂါဝပ် ၅၀၀ ကျော် ပိုမိုထုတ်လုပ်မည် ဟု လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးက ဆင်ဟွာကို ပြောသည်။
ဟနွိုင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ တွင် ၂၀၀၉-၂၀၁၀ စာသင်နှစ် မှစ၍ စာသင်ကျောင်းများ အတွင်း နှင့် ပြင်ပ၌ ကျောင်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုပေါင်း ၁,၆၀၀ နီးပါးခန့်ရှိခဲ့ကြောင်း ပညာရေးနှင့်လေ့ကျင့်ရေးဝန်ကြီးဋ္ဌာန ၏ အချက်အလက်များကို ကိုးကား၍ ပြည်တွင်းမီဒီယာတစ်ခု က အောက်တိုဘာ၁၃ရက်...
ဂျကာတာ ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အစိုးရသည် အမျိုးသမီးများ နှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို လျော့ကျရန်ရည်ရွယ်ပြီး ပီပါပူး (Peperpu) သက်ငယ် လက်ထပ်ခြင်း ဥပဒေကို ပြင်ဆင်ရန် စီစဉ်နေကြောင်း အောက်တိုဘာလ ၁၂ရက်တွင် ဝန်ကြီးက ပြောကြားလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများကို ကွင်းဆင်းကောက်ယူမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
ဖနွမ်းပင်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံသို့ အောက်တိုဘာလ ၁၃ ရက်က ရောက်ရှိခဲ့ပြီး နှစ်နိုင်ငံအကြား အစဉ်အလာရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှု ခိုင်မာရန်နှင့် ကျယ်ပြန့်သည့် မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာနက်ရှိုင်းစေရန် ရည်ရွယ်ကာ လာရောက်ခြင်း ဖြစ်ကြောင်း...