Connect with us

Politics, Law & Military

၂၀၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများ ကွင်းဆင်း ကောက်ယူမည်

၂၀၁၅ နိုဝင်ဘာလအတွင်းကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ၌ မဲစာရင်းကြေညာချက်အား လာရောက် ကြည့်နေသူတစ်ဦးအားတွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများကို ကွင်းဆင်းကောက်ယူမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

အဆိုပါ မဲစာရင်းများကို မကြာမီ လများအတွင်း လစ်လပ်မဲဆန္ဒနေရာများတွင် ကောက်ယူမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ယင်း ကြားဖြတ် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး၊ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်နှင့် ရွေးကောက်ပွဲ အရာရှိများသည် အောက်တိုဘာ ၁ဝ ရက်က တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။အဆိုပါ ဆွေးနွေးပွဲ၌ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို မှန်ကန်စွာ တင်ပြရန် လိုအပ်ကြောင်းနှင့် သို့မှသာ ကော်မရှင် အနေဖြင့် မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင် မည်ဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်သို့ မှာကြားခဲ့သည်။ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်နေရာများဖြစ်သော ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၉) နေရာ၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၃)နေရာနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၆)နေရာရှိသည်။(Xinhua)