Connect with us

Local

ရန်ကုန်တိုင်းမြို့တွင်းသို့ ကွန်တိန်နာယာဉ်ကြီးများ နိုဝင်ဘာလမှစပြီး အချိန်ကန့်သတ်ဖြင့်သာ ဝင်ရောက်ခွင့်ပြု

ရန်ကုန်ဆိပ်ကမ်းအတွင်း ကုန်တင်ကုန်ချပြုလုပ်နေသော ကွန်တိန်နာသေတ္တာများအား တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယာဉ်လမ်းကြောများ၌ ပြေးဆွဲနေသော ကုန်သေတ္တာတင် ကွန်တိန်နာယာဉ် ကြီးများကို နိုဝင်ဘာ ၁ရက်နေ့မှစပြီး အချိန်အကန့်အသတ်ဖြင့်သာ ဝင်ရောက်ပြေးဆွဲရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကြေညာချက်ထုတ်ပြန်လိုက်သည်။

အဆိုပါ ကုန်သေတ္တာတင် ကွန်တိန်နာယာဉ်ကြီးများသည် ည ၈နာရီမှ နံနက် ၅နာရီအတွင်းသာ ပြေးဆွဲရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ရေထွက်ကုန်အအေးခန်းကားများသည် ရန်ကုန်မြို့တွင်းရှိ လမ်းများပေါ်သို့ ဖြတ်သန်းမှုမရှိဘဲ သတ်မှတ်ပေးထားသော ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်းမကြီး၊ သာကေတ၊ ဒေါပုံနှင့် သန်လျင်စသည့် မြို့ပြင် ပတ်လမ်းများအတိုင်းသာ ပြေးဆွဲလျက်ရှိသည်။“တချို့က အအေးခန်းကားတွေကြတော့ အခက်အခဲအနည်းငယ်ရှိတယ်၊ X Ray ဖြတ်တာက ညဆိုရင် ပိတ်တော့ ဒီအတွက် စောင့်ရမှာပါ။ ဒီကဖြတ်ပြီးရင် နံနက်မှာလည်း ထွက်မရဘဲ ညအရောက် ထပ်စောင့် ရမယ့် သဘော ရှိနေပါတယ်။ ကားပေါ်မှာပါတဲ့ ကုန်တွေရဲ့ အရည်အသွေး ကျဆင်းသွားနိုင်တယ်”ဟု ပို့ကုန်သွင်းကုန်လုပ် ကိုင်နေသူတစ်ဦးက ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.