Connect with us

Asia

ဗီယက်နမ်နိုင်ငံ ၌ ၇နှစ်အတွင်း ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုပေါင်း ၁,၆၀၀ခု ရှိခဲ့

ဗီယက်နမ်နိုင်ငံမှ ကျောင်းသား၊ကျောင်းသူများအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ တွင် ၂၀၀၉-၂၀၁၀ စာသင်နှစ် မှစ၍ စာသင်ကျောင်းများ အတွင်း နှင့် ပြင်ပ၌ ကျောင်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုပေါင်း ၁,၆၀၀ နီးပါးခန့်ရှိခဲ့ကြောင်း ပညာရေးနှင့်လေ့ကျင့်ရေးဝန်ကြီးဋ္ဌာန ၏ အချက်အလက်များကို ကိုးကား၍ ပြည်တွင်းမီဒီယာတစ်ခု က အောက်တိုဘာ၁၃ရက် တွင် ဖော်ပြခဲ့သည်။

ခိုက်ရန်ဖြစ်ပွားမှုများအနက် အများစုမှာ ကျောင်းနေဖက်အချင်းချင်း (သို့) အတန်းဖော်အချင်းချင်း တစ်ဦးနှင့် တစ်ဦး စိုက်ကြည့်မိရာမှ မကျေမနပ်ဖြစ်ခြင်း နှင့် စာမေးပွဲအတွင်း စာခိုးချမှု အား တားဆီးရာမှ တစ်ဆင့် လက်လုပ် လက်နက်ငယ်များဖြင့် ခိုက်ရန်ဖြစ်ပွားခြင်းများဖြစ်ကြောင်း Tuoi Tre Thanh Pho Ho Chi Minh နေ့စဉ်သတင်းစာ (ဟိုချီမင်းမြို့လူငယ်နေ့စဉ်သတင်းစာ) ကဖော်ပြခဲ့သည်။

အချို့သော ကိစ္စများတွင် ကျောင်းသားများစုပေါင်းကာ ကျောင်းနေဖက် (သို့) အတန်းဖော်တစ်ဦးအား ဝိုင်းဝန်းရိုက်နှက်နေပုံအား ဗွီဒီယိုရိုက်ကူးကာ လူမှုကွန်ရက်များတွင် ဖြန့်ဝေခြင်းများရှိခဲ့ကြောင်း သိရသည်။ကျန်းမာရေးဋ္ဌာန၏ အချက်အလက်များကို ကိုးကား၍ သတင်းစာ၏ ဖော်ပြချက်အရ ဗီယက်နမ်နိုင်ငံတွင် နှစ်စဉ် ကိုယ်ဝန်ဖျက်ချမှု ၁.၄သန်း အနက် ကိုယ်ဝန်ဖျက်ချသူ ၁၂၀,၀၀၀ဦး သည် မိန်းကလေးငယ်များဖြစ်ကြောင်း နှင့် ဟိုချီမင်းမြို့ရှိ Tu Du ဆေးရုံ၌ နှစ်စဉ် အသက် ၁၁ မှ ၁၈နှစ်အတွင်း ကိုယ်ဝန်ဖျက်ချသည့် မိန်းကလေးဦးရေသည် ၄၀၀ဦးခန့်ရှိကြောင်း သိရသည်။ (Xinhua)