Connect with us

Asia

အင်ဒိုနီးရှား၌ သက်ငယ်လက်ထပ်ဥပဒေကို ပြင်ဆင်ရန် စီစဉ်နေ

ဂျကာတာမြို့ ၌ အင်ဒိုနီးရှားချစ်သူစုံတွဲတစ်တွဲ လက်ထပ်ပွဲ ဆင်နွှဲနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အစိုးရသည် အမျိုးသမီးများ နှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို လျော့ကျရန်ရည်ရွယ်ပြီး ပီပါပူး (Peperpu) သက်ငယ် လက်ထပ်ခြင်း ဥပဒေကို ပြင်ဆင်ရန် စီစဉ်နေကြောင်း အောက်တိုဘာလ ၁၂ရက်တွင် ဝန်ကြီးက ပြောကြားလိုက်သည်။

၁၉၇၄ ခုနှစ်တွင် ပြဌာန်းခဲ့သည့် အင်ဒိုနီးရှားလက်ထပ်ခြင်း ဥပဒေတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်များကို လက်ထပ်ခွင့်ပြုထားပြီး မိဘအုပ်ထိန်းမှုအောက်မှ ထွက်ခွာခွင့်ပေးထားကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသမီးအခွင့်အာဏာ နှင့် ကလေးသူငယ်ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Yohana Yembise ကပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၏ နယ်မြေဒေသအများအပြားတွင် သက်ငယ်လက်ထပ်မှုနှုန်းမှာ မြင့်တက်လျက်ရှိကြောင်း ဝန်ကြီးက ဆိုသည်။

“ အမျိုးသမီးငယ်တွေအပေါ် အကြမ်းဖက်မှုကို ကာကွယ်ဖို့နဲ့ သက်ငယ်လက်ထပ်ခြင်းကို တားမြစ်ဖို့ ဆိုရင် ပီပါပူး ဥပဒေကို ချက်ခြင်းပြင်ရမှာပါ ” ဟု ၎င်းက ဆိုသည်။ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားမြို့တော် ဘိုဂါ(Bogor) တွင် တည်ရှိသည့် ဗြိတိသျှနိုင်ငံမှ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကလေးသူငယ် ဥပဒေဆိုင်ရာ စင်တာ (CCLC) က ပြုလုပ်ထားသော သုသေတနစစ်တမ်းအရ ၂ဝ၁၅ ခုနှစ်တွင် လက်ထပ်ကြသူများထဲတွင် အသက် ၁၈ နှစ် အောက်လက်ထပ်သူဦးရေမှာ ၃၈ ရာခိုင်နှုန်းထိ ရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် အင်ဒိုနီးရှားသန်းခေါင်စာရင်းအေဂျင်စီ( BPS) နှင့် ယူနက်စကိုအဖွဲ့က အင်ဒိုနီးရှားနိုင်ငံ၌ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၂၃ ရာခိုင်နှုန်းသည် ၂ဝ၁၅ ခုနှစ်တွင် လက်ထပ်ထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ အင်ဒိုနီးရှားနိုင်ငံ၌ နှစ်စဉ် အရွယ်မရောက်ဘဲ လက်ထပ်ကြသည့် စုံတွဲဦးရေသည် ၃၄ဝ,ဝဝဝ ဦးထိ ရှိကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ၌ သက်ငယ်လက်ထပ်ခြင်းဖြင့် အမျိုးသမီးများသည် မျိုးပွားအင်္ဂ ါများပျက်စီးခြင်း ၊ အိမ်တွင်းအကြမ်းဖက်ခံရခြင်း ၊ ပညာဆုံးခန်းတိုင်းအောင်သင်ကြားခွင့်မရခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေကြောင်း ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

ကျန်းမာရေးဆိုင်ရာစိုးရိမ်ရသည့်အတွက် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ်များကို လက်ထပ်ခွင့်တားမြစ်သည့် ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေး( CRC) သဘောတူညီချက် နိုင်ငံများစာရင်းတွင် အင်ဒိုနီးရှားနိုင်ငံက လက်မှတ်ရေးထိုးထားကြောင်း သိရသည်။(Xinhua)