ရီယာ့ဒ် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ) ဆော်ဒီအာရေးဗျနိုင်ငံက ယခုနှစ်လာမည့်ဟာ့ဂျ်ဘုရားဖူးရာသီတွင် ပြည်တွင်း/ပြည်ပ မက္ကာဟာ့ဂျ်ဘုရားဖူး တစ်သန်း ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဆော်ဒီအာရေးဗျနိုင်ငံဟာ့ဂျ် နှင့် Umrah ဝန်ကြီးဌာနက စနေနေ့(ဧပြီ ၉ ရက်)တွင် ထုတ်ဖော်ကြေညာခဲ့သည်။
ကိဗ်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ဗြိတိန်သည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ပိုမိုလုပ်ဆောင်သွာမည်ဖြစ်ပြီး ယူကရိန်းအပေါ် စီးပွားရေးနှင့် စစ်ရေးအကူအညီများ ပေးအပ်သွားမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဧပြီ ၉ ရက်တွင် ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်၌ ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံက Shaheen-III မြေပြင်မှမြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်အား ဧပြီ ၉ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့သည်။
ပေကျင်း ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ) ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် လုံခြုံရေးကို မြှင့်တင်ရန် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဘုံစုပေါင်းပါဝင်သော ၊ ပြီးပြည့်စုံသော ၊ ပူးပေါင်းလုပ်ဆောင်မှုရှိသော နှင့် စဉ်ဆက်မပြတ်ရေရှည်တည်တံ့ခိုင်မြဲသော လုံခြုံရေး စိတ်ကူးစိတ်သန်း အမြင်တစ်ခုကို အားပေး ထောက်ခံလျက်ရှိသည်။
ရှင်းကျန်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ) “ကျွန်တော်တို့ဟာ ရှင်းကျန်းမှာ အမြဲတမ်းနေချင်ပါတယ်” ဟု တရုတ်နိုင်ငံပြင်ပမှ နိုင်ငံခြားသားများက ပြောဆိုလေ့ရှိပြီး ကောင်းမွန်သောစီးပွားရေး၊ ပျော်ရွှင်မှုများနှင့် လုံခြုံမှုများစွာဖြင့် တိုင်းရင်းသားမျိုးနွယ်စုများစွာ စည်းလုံးညီညွတ်လျက် ခံစားနေထိုင်ကြသော ရှင်းကျန်းဒေသ၏ အလှအပများအား တင်ဆက်ရိုက်ကူးထားသည့် ရုပ်သံဖိုင်ဖြစ်သည်။ (Xinhua) ———————– (English Version)...