ပေကျင်း ၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဉာဏပစ္စည်းမူပိုင်ခွင့်(IP) အကာအကွယ်ပေးရေးကို နိုင်ငံအနှံ့တွင် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဉာဏမူပိုင်ခွင့်ချိုးဖောက်မှုများအတွက် နစ်နာမှုဒဏ်ကြေးငွေပေးဆောင်ရေး စနစ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ၎င်းတို့၏ စက်မှုကုန်ထုတ်ပစ္စည်းများအတွက် တီထွင်ဆန်းသစ်မှု နှင့် ဖန်တီးမှုများအတွက် အဆင့်မြှင့်တင်ခြင်းတို့ကို တွန်းအားပေးရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစိုးရအလုပ်အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

ပေကျင်း ၊ မတ် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် တရုတ်-အမေရိကန်ကုန်သွယ်ရေးဆွေးနွေးမှုများ အဆင့်မြှင့်တင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၄ ရက်တွင် ကျင်းပခဲ့သည့် တရုတ်နိုင်ငံ၏ အမျိုးသား ဥပဒေပြုရေးနှင့် ထိပ်တန်း နိုင်ငံရေးအကြံပေးအဖွဲ့ဝင်များနှစ်ပတ်လည် ပုံမှန်အစည်းအဝေး မတိုင်မီ ထုတ်ပြန်သော အစိုးရအလုပ်အစီရင်ခံစာတစ်စောင်၏ ဖော်ပြချက် အရ သိရသည်။

ပေကျင်း၊ မတ် ၄ ရက်(ဆင်ဟွာ)

ခေတ်သစ် ပြည်ပကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် တာဝန်ယူမှုတာဝန်ခံမှုနှင့် အကျိုးဆောင်မှုအသစ်များ ရှိရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတကာဖွံဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ အကြီးအကဲ ဝမ်ရှောင်ထောင်းက မတ်လ ၃ ရက် ညနေပိုင်းတွင် ပြုလုပ်သည့် ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) ဒုတိယပုံမှန်အစည်းအဝေးဖွင့်ပွဲအပြီး မဟာပြည်သူ့ခန်းမဆောင်တွင် ပြောကြားခဲ့သည်။

ပေကျင်း ၊ မတ် ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကြသည့် နှစ်ပတ်လည်အစည်းအဝေးကို ပေကျင်းမြို့၌ ယနေ့(မတ် ၃ ရက်)တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် မကြာမီကျင်းပမည့် ဥပဒေပြုရေးနှင့် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံများသို့ တက်ရောက်သတင်းယူရန် ပြည်ပမှ သတင်းစာဆရာ ၁,၀၀၀ ကျော်အပါအဝင် စုစုပေါင်း သတင်းထောက် ၃,၀၀၀ ကျော် စာရင်းပေးထားကြောင်း သိရသည်။

ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)

သမ္မတရှီကျင့်ဖိန်က BRICS အဖွဲ့ဝင်နိုင်ငံများအားလုံးသည် လက်ရှိ ဖြစ်ပေါ်နေသည့် ရေစီးကြောင်းအား ဖမ်းဆုပ်ရမည်ဖြစ်ကြောင်း၊ ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကိုလည်းပိုမိုနက်ရှိုင်းစေရမည်ဖြစ်ကြောင်း၊ စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန်စေလွှတ် ဖလှယ်ရေး စသည့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် မူဘောင်များကို ချမှတ်ကာ ပိုမိုခိုင်မြဲစေရန်လည်းလိုအပ်ကြောင်း ၁ဝ ကြိမ်မြောက် BRICS အစည်းအဝေးတွင်ပြောကြားခဲ့သည်။ ထို့မှသာ မိမိတို့အနေဖြင့် ဒုတိယမြောက် ရွှေရောင်ထွန်းပသည့် ဆယ်စုနှစ်ပန်းတိုင်ကိုရောက်ရှိနိုင်မည်ဖြစ်ပြီး လူသားများအားလုံး အတူတကွ အကျိုးခံစားနိုင်မည့် အသိုက်အဝန်းတစ်ခုကို တည်ဆောက်နိုင်လိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။(Xinhua)