Connect with us

Videos

ဘိုးအောက်ဖိုရမ် (Boao Forum for Asia) တွင် သမ္မတရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားမည်

ဟိုင်နန်၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်းဟိုင်နန်ကျွန်းပေါ်တွင်ကျင်းပလျက်ရှိသည့် ဘိုးအောက်ဖိုရမ် (Boao Forum for Asia) တွင် ဧပြီလ ၁ဝ ရက်နေ့၌ သမ္မတရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားမည်ဟုသိရသည်။ သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုဆိုင်ရာအောင်မြင်မှုများကိုပြောကြားမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ဆက်လက်ချဲ့ထွင်မည့်တံခါးဖွင့်စီးပွားရေးဆိုင်ရာမူဝါဒများကိုကြေညာမည်ဖြစ်သည်။ အကျိုးစီးပွားများကိုမျှဝေခံစားနိုင်မည့်အသိုက်အဝန်းတစ်ခုတည်ဆောက်ခြင်း နှင့်စပ်လျဉ်းပြီး အာရှတိုက်နိုင်ငံများနှင့်သာမကတစ်ကမ္ဘာလုံးနှင့်ပါ အကျိုးစီးပွားဖြစ်ထွန်းစေမည့်အသိုက်အဝန်း တစ်ခုတည်ထောင်ခြင်း ဆိုင်ရာအကြောင်းအရာများကိုလည်းရှင်းလင်းပြောကြားမည်ဖြစ်သည်။ ဧပြီလ ၈ ရက်နေ့မှ ၁၁ရက်နေ့အထိကျင်းပသွားမည်ဘိုးအောက်ဖိုရမ်တွင် ဆွေးနွေးမည့်အကြောင်းအရာများကို အောက်ပါ video ထဲတွင်ကြည့်ရှုနိုင်ကြပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.