Media
အင်တာမီလန်တိုက်စစ်မှူး တာရီမီ မပါဘဲ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအား ယှဉ်ပြိုင်ကစားရဖွယ်ရှိ
အင်တာမီလန်အသင်းမှ အီရန်တိုက်စစ်မှူး မာဒီ တာရီမီမှာ ၎င်း၏မိခင်နိုင်ငံမှ ထွက်ခွာနိုင်ခြင်း မရှိသည့်အတွက် အင်တာမီလန်အသင်းမှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၎င်းမပါဘဲ ယှဉ်ပြိုင်ကစားရနိုင်ကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။
အစ္စရေး-အီရန် ပဋိပက္ခဖြစ်ပွားမှုက တာရီမီ ပြည်ပသို့ထွက်ခွာမည့် အစီအစဉ်ကို ပျက်ပြယ်စေခဲ့ခြင်းဖြစ်သည်ဟု အီတလီသတင်းဌာန Gazzetta dello Sport က ဖော်ပြခဲ့သည်။
တာရီမီမှာ ဇွန် ၁၀ ရက်၌ အီရန်က မြောက်ကိုရီးယားကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်၌ ပါဝင်ကစားခဲ့ပြီး ဒုတိယဂိုးသွင်းယူခဲ့ကာ ၎င်းအနေဖြင့် အင်တာမီလန်အသင်းဖော်များနှင့် ပူးပေါင်းရန် လော့စ်အိန်ဂျလိစ်မြို့သို့ ထွက်ခွာရမည်ဖြစ်သည်။ အင်တာမီလန်အသင်းမှာ အုပ်စု-E တွင် မွန်တာရေး၊ ရေးဗားပလိတ်၊ အူရာဝါရက်စ်အသင်းတို့နှင့် တစ်အုပ်စုတည်းတွင် ကျရောက်နေသည်။ (Xinhua)
………………….
(English Version)
Inter Milan likely to miss forward Taremi for Club World Cup
Inter Milan could be without striker Mehdi Taremi for the Club World Cup as the player has been unable to leave Iran, it was reported.
Italian media outlet La Gazzetta dello Sport reported that the outbreak of the conflict between Israel and Iran has interrupted Taremi’s travel plans.
Taremi played in Iran’s 3-0 win at home to DPR Korea on June 10th scoring the second goal in the World Cup qualifier and he was due to travel to Los Angeles to join with his Inter team-mates. Inter Milan is in Group E alongside Monterrey, River Plate and Urawa Reds.
Continue Reading