China
တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူရိခရိုင်တွင် ကြာပန်းထုတ်ကုန်လုပ်ငန်းက ချမ်းသာကြွယ်ဝရေးအတွက် အထောက်အကူပေး

ဝူရိ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ကျင်းဟွာမြို့ ဝူရိခရိုင် လျိုချိန်မြို့နယ်သည် ယင်းဒေသရှိ နာမည်ကျော်ကြားလှသည့် ကြာပန်းတို့၏ဇာတိမြေ ဖြစ်သည်။ လျိုချိန်မြို့နယ်ရှိ ရှီလီဟယ်ဟွားကုန့်ဖု အလုပ်ရုံသည် “အခြေစိုက်စခန်း+သမဝါယမအသင်း+ စိုက်ပျိုးသူ” ပုံစံဖြင့် ရွာသူ၊ ရွာသားများကို စိုက်ပျိုးရေးအတွက် ကြာပန်းပျိုးပင်များ ပံ့ပိုးပေးလျက်ရှိသည်။ ကြာပန်းစိုက်ပျိုးမှု၊ ကုန်ချောထုတ်လုပ်မှု၊ ထုတ်ကုန် ထုပ်ပိုးမှု၊ တိုက်ရိုက်ထုတ်လွှင့်ရောင်းချမှု စသည့် ကုန်ထုတ်လုပ်ငန်း ကွင်းဆက်တစ်ခုလုံးကို လမ်းဖွင့်ခဲ့ပြီး “ရွှန်းဖိန်ကုန့်လျန်” ဟူသော ဒေသထွက်ကုန်အမည်တံဆိပ်ကို ဖန်တီးခဲ့ရာ အနီးအနားတစ်ဝိုက် ကျေးရွာ အသီးသီးရှိ ရွာသူ၊ ရွာသား အိမ်ထောင်စုရာချီကို အိမ်နားတွင်ပင် ဝင်ငွေတိုးပွား ကြွယ်ဝစေခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူရိခရိုင် လျိုချိန်မြို့နယ်ရှိ ရှီလီဟယ်ဟွားကုန့်ဖုအလုပ်ရုံတွင် စိုက်ပျိုးသူများက ကြာပန်းခူးဆွတ်နေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူရိခရိုင် လျိုချိန်မြို့နယ်ရှိ ရှီလီဟယ်ဟွားကုန့်ဖု အလုပ်ရုံတွင် စိုက်ပျိုးသူများက နံနက်ခင်းတွင် ခူးယူလာကြသည့် ကြာပန်းအမျိုးမျိုးကို ပြင်ဆင်ထုပ်ပိုးနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူရိခရိုင် လျိုချိန်မြို့နယ်ရှိ ရှီလီဟယ်ဟွားကုန့်ဖု အလုပ်ရုံ ဝန်ထမ်းများက ကြာပန်းများကို ဝတ်မှုန်ကူးပေးကာ မျိုးသစ်ပျိုးထောင်ပေးနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူရိခရိုင် လျိုချိန်မြို့နယ်ရှိ ရှီလီဟယ်ဟွားကုန့်ဖု အလုပ်ရုံ၏ ကြာပန်းနှင့် ကြာစေ့ အဓိကထုတ်လုပ်ရာနေရာ ရှီလီဟယ်ဟွား ရှုခင်းသာနေရာအား ၂၀၂၅ ခုနှစ် ဇွန် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————–
(Chinese Version)
浙江武义:荷花产业助致富
新华社照片,武义(浙江),2025年6月18日
浙江省金华市武义县柳城镇是当地著名的荷花之乡。位于柳城镇的十里荷花共富工坊通过“基地+合作社+农户”模式,提供荷花种苗给村民种植,打通荷花种植、产品加工、产品包装、直播带货等全产业链,打造“宣平贡莲”地方特色品牌,带动周边各村数百户村民在家门口增收致富。
1, 2. 6月18日,武义县柳城镇十里荷花共富工坊的农户在采摘荷花(无人机照片)。 新华社记者 徐昱 摄
3. 6月18日,武义县柳城镇十里荷花共富工坊的农户在修剪、打包早上采摘的各类荷花。新华社记者 徐昱 摄
4. 6月18日,武义县柳城镇十里荷花共富工坊工作人员在给荷花进行人工授粉,以培育新品种。新华社记者 徐昱 摄
5. 这是6月18日拍摄的武义县柳城镇十里荷花景区。该景区是十里荷花共富工坊荷花和莲子的主要产地。新华社记者 徐昱 摄