Videos
တစ်နာရီ ၃၅ဝ ကီလိုမီတာအထိ မြန်နှုန်း တိုးမြှင့်လိုက်သည့် ကျည်ဆံရထား
ထျန်ကျင်း၊သြဂုတ် ၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့နှင့် ထျန်ကျင်းမြို့(Tianjin) ကိုပြေးဆွဲပေးနေသည့် ကျည်ဆံရထားမြန်နှုန်းအား တစ်နာရီ ၃၅ဝ ကီလိုမီတာထိ အမြင့်ဆုံး မြန်နှုန်းဖြင့် တိုးမြှင့်ပြေးဆွဲပေးခဲ့ရာ မြို့နှစ်မြို့အကြား ရထားပြေးဆွဲမှုကြာချိန်ကို ၅ မိနစ်ထိ လျှော့ချပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါခရီးစဉ်တွင် အသုံးပြုမည့် ကျည်ဆံရထားကို တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး Fuxing( ပြန်လည်တီထွင်ဆန်းသစ်မှု) ဟု အမည်ပေးထားကြောင်း သိရသည်။
ထိုသို့ရထားမြန်နှုန်းတိုးမြှင့်လိုက်ခြင်းဖြင့် ပေကျင်းတောင်ပိုင်းရထားဘူတာ နှင့် ထျန်ကျင်းရထားဘူတာအကြား လမ်းခရီးကြာချိန် ၃၅ မိနစ်ကို ၃ဝ မိနစ်သို့ လျှော့ချပေးနိုင်ခဲ့ကြောင်း နှင့် ရထားလက်မှတ်ဈေးနှုန်းမှာ ပြောင်းလဲခြင်းမရှိကြောင်း သိရသည်။
ပေကျင်းမြို့ နှင့် ထျန်ကျင်းမြို့အကြား ရထားခရီးစဉ်အသစ်ကို သြဂုတ် ၈ ရက်တွင် စတင်ခဲ့ကြောင်း တရုတ်နိုင်ငံမီးရထားလမ်းပိုင်း ပေကျင်းအုပ်စု၏ ပြောကြားချက်အရ သိရသည်။(Xinhua)