China
တရုတ်နိုင်ငံတွင် ကာဗွန်လျှော့ချသည့်ခရီးသွားမှုများလာသောကြောင့် စက်ဘီးပိုင်ဆိုင်မှု တိုးလာ

ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် စက်ဘီးပိုင်ဆိုင်သူဦးရေ သန်း ၂၀၀ ကျော်လွန်လျက်ရှိသည့်အပြင် လျှပ်စစ်အားသုံးနှစ်ဘီးတပ် ယာဥ်အစီးရေ စုစုပေါင်း ၃၈၀ သန်း အသုံးပြုလျက်ရှိပြီး ကာဗွန်လျှော့ချမှုကိုအားပေးလျက်ရှိကြောင်း တရုတ်နိုင်ငံ စက်ဘီးစီးသူများအသင်း၏ စက်တင်ဘာ ၁၇ ရက် ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။
အသင်း၏အဆိုအရ တရုတ်နိုင်ငံ၏မြို့ပြတွင်နေထိုင်သူများ၏ စက်ဘီး သို့မဟုတ် လျှပ်စစ်စက်ဘီးများ အသုံးပြုမှုမှာ ခရီးစဥ် ၁၀၀ လျှင် ခရီးစဥ် ၃၀ ခန့်ရှိကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင်အသိအမြင်နိုးကြားမှုအားကောင်းလာသည့် တရုတ်နိုင်ငံတွင် ပုံမှန်အလုပ်ဆင်းသူများသည် ကာဗွန်ထုတ်လွှတ်မှုလျော့နည်းစေသည့် နှစ်ဘီးတပ်လျှပ်စစ်စက်ဘီးများကို ပိုမိုရွေးချယ်လာကြသည်ဆိုသည့် အရွေ့တစ်ခုကို အထက်ပါအချက်များက ထောက်ပြလျက်ရှိသည်။
စက်ဘီးစီးသူများအသင်း၏ခန့်မှန်းချက်များအရ တရုတ်နိုင်ငံတွင် နှစ်ဘီးတပ်ဘီးများဖြင့် ခရီးသွားလာခြင်းသည် ကာဗွန်ထုတ်လွှတ်မှုကို တစ်ရက်လျှင် တန် ၁၀,၀၀၀ ခန့်လျော့ကျစေပြီး ပျမ်းမျှအားဖြင့် ဓာတ်ဆီ လီတာပေါင်း ၆.၆ သန်း သက်သာမှုနှင့်ညီမျှကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
China’s bicycle ownership on the rise as low-carbon travel takes off
BEIJING, Sept. 17 (Xinhua) — China’s bicycle ownership has topped 200 million, with an additional 380 million electric-powered two-wheelers in use, bolstering low-carbon travel, data from the China Bicycle Association showed on Wednesday.
Chinese urbanites use bicycles or e-bikes for about 30 out of every 100 trips they make, according to the association.
The figures point to a shift in China, where growing environmental awareness is prompting more commuters to opt for two-wheeled, low-carbon alternatives.
According to estimates from the association, two-wheeled travel reduces carbon emissions in China by about 10,000 tonnes per day, the equivalent of saving roughly 6.6 million liters of gasoline.
Photo : This photo taken on May 5, 2025 shows the 2025 China International Bicycle Fair in east China’s Shanghai. (Xinhua/Cai Yang)