Asia
တရုတ်ကုမ္ပဏီများ တာဝန်ယူဆောက်လုပ်သည့် စီမံကိန်းများ ပြန်လည် လည်ပတ်ခြင်းက သီရိလင်္ကာ-တရုတ် ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို သက်သေထူခဲ့ကြောင်း သီရိလင်္ကာနိုင်ငံသမ္မတ ဆို

ကိုလံဘို၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်ကုမ္ပဏီများ တာဝန်ယူဆောက်လုပ်သည့် စီမံကိန်းများ ပြန်လည် လည်ပတ်ခြင်းသည် သီရိလင်္ကာ-တရုတ် နှစ်နိုင်ငံကြား နီးကပ်စွာ ဆွေးနွေးဆက်သွယ်သည့် ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှု၏ အစစ်အမှန်ပုံရိပ်ဖြစ်ကြောင်း၊ သီရိလင်္ကာစီးပွားရေးအကျပ်အတည်းကာလအတွင်း တရုတ်ဘက်မှ ကူညီပံ့ပိုးမှုများအား ကျေးဇူးတင်ရှိကြောင်း သီရိလင်္ကာနိုင်ငံသမ္မတ Anura Kumara Dissanayake က စက်တင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့တွင် သမ္မတ Dissanayake သည် တရုတ် MCC ကုမ္ပဏီ တာဝန်ယူဆောက်လုပ်သည့် သီရိလင်္ကာအလယ်ပိုင်း အမြန်လမ်းမ ပထမအဆင့်စီမံကိန်း ပြန်လည် လည်ပတ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဤစီမံကိန်းသည် သီရိလင်္ကာ၏ အရေးပါသော နိုင်ငံတော်စီမံကိန်းဖြစ်ပြီး သီရိလင်္ကာ၏ လူမှုစီးပွားရေးနှင့် ပြည်သူ့လူနေမှုအဆင့်အတန်း မြှင့်တင်ရေးအတွက် တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုအား ကျေးဇူးတင်ကြောင်း၊ စီမံကိန်းပြန်လည် လည်ပတ်ခြင်းသည် သီရိလင်္ကာ စီးပွားရေးအကျပ်အတည်းမှ ကျော်ဖြတ်ပြီး တည်ငြိမ်သောဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ကူးပြောင်းခြင်းကို ကူညီတွန်းအားပေးခြင်းနှင့် သက်သေထူခြင်းဖြစ်ကြောင်း ၎င်းက မိန့်ခွန်းပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချီကျန့်ဟုန်က အလယ်ပိုင်းအမြန်လမ်းမ စီမံကိန်းသည် သီရိလင်္ကာ အခက်အခဲများမှ ရုန်းထွက်ရန်၊ ပြန်လည်ထူထောင်မှု အကောင်အထည်ဖော်ရန် အဓိကစီမံကိန်းတစ်ခုသာမက တရုတ်-သီရိလင်္ကာ နှစ်နိုင်ငံ ပြည်သူ့ချစ်ကြည်ရေး၏ အမှတ်သင်္ကေတအသစ်လည်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေဖြင့် စစ်မှန်၍ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်ဖြင့် စီမံကိန်းတည်ဆောက်ရေးအား မြှင့်တင်ပြီး အချိန်မီ အရည်အသွေးမြင့် လုပ်ငန်းပြီးစီးရေးအား အာမခံပေးကာ သီရိလင်္ကာပြည်သူများအား ဆောလျင်စွာ အကျိုးပြုနိုင်မည်ဟု မျှော်လင့်ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
အလယ်ပိုင်းအမြန်လမ်းမစီမံကိန်းသည် အနာဂတ်တွင် သီရိလင်္ကာမြို့တော် ကိုလံဘိုနှင့် အလယ်ပိုင်းမြို့ဖြစ်သော ကန်ဒီမြို့ကို ဆက်သွယ်မည်ဖြစ်ပြီး လက်ရှိ အမြန်လမ်းမ သုံးခုနှင့် အပြန်အလှန် ချိတ်ဆက်မှုရရှိကာ ဒေသတွင်းအမြန်လမ်းမအား ကွန်ရက်အဖြစ် ဖွဲ့စည်းပေးမည်ဖြစ်ကြောင်း စီမံကိန်းတာဝန်ခံ၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။
သီရိလင်္ကာ သယ်ယူပို့ဆောင်ရေး၊ အမြန်လမ်း၊ ဆိပ်ကမ်းနှင့် အရပ်ဘက်လေကြောင်းဝန်ကြီး Bimal Rathnayake က စီမံကိန်းပြီးစီးပါက သီရိလင်္ကာ အမြန်လမ်းမ ကွန်ရက်၏ ထိရောက်မှုနှင့် အဆင်ပြေချောမွေ့မှုကို သိသိသာသာမြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး သီရိလင်္ကာ၏ ပြည်နယ် သုံးပုံနှစ်ပုံခန့်ကို အကျိုးပြုမည်ဖြစ်ကာ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် လယ်ယာထုတ်ကုန် ကုန်ချော ထုတ်လုပ်ရေး စသည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်မြှင့်တင်ပေးလိမ့်မည်ဟု ပြောကြားခဲ့သည်။ (Xinhua)

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် ကျင်းပသော တရုတ် MCC ကုမ္ပဏီ တာဝန်ယူဆောက်လုပ်သည့် သီရိလင်္ကာအလယ်ပိုင်း အမြန်လမ်းမ ပထမအဆင့်စီမံကိန်း ပြန်လည် လည်ပတ်ခြင်းအခမ်းအနား၌ သီရိလင်္ကာနိုင်ငံသမ္မတ Anura Kumara Dissanayake အား စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Sri Lankan President’s Media Division/Handout via Xinhua)
……………………..
(Chinese Version)
斯里兰卡总统:中企承建项目复工印证斯中关系良好发展
新华社科伦坡9月17日电(记者伍岳 陈冬书)斯里兰卡总统迪萨纳亚克17日表示,中企承建项目复工是斯中两国密切沟通合作、两国关系良好发展的真实写照,斯里兰卡感谢中方在斯经济危机期间伸出援助之手。
当日,迪萨纳亚克出席中国中冶承建的斯里兰卡中部高速公路第一标段项目复工复产仪式。他在致辞中说,这一项目是斯里兰卡重要的国家工程,感谢中方为斯里兰卡提升社会经济和人民生活水平提供帮助。项目复工见证并助推斯里兰卡走出经济危机,转向稳定发展。
中国驻斯里兰卡大使戚振宏表示,中部高速公路项目是斯里兰卡摆脱困境、实现振兴的关键工程,更是中斯两国人民友谊新的标志性工程。希望并相信有关各方将秉承精诚务实的合作精神推进项目建设,保证按期高质量完工,早日造福斯里兰卡人民。
据项目负责人介绍,中部高速公路项目未来将连接斯里兰卡首都科伦坡与中部城市康提,并实现与现有三条高速公路互联互通,使当地高速公路连接成网。斯里兰卡交通、公路、港口和民航部长比马尔·拉特纳亚克说,项目完成后将极大提升斯高速公路网的效率和便利程度,惠及斯里兰卡三分之二省份,将直接推动旅游、运输、农产品加工等行业发展。(完)
图说1:9月17日,斯里兰卡总统迪萨纳亚克在科伦坡出席中国中冶承建的斯里兰卡中部高速公路第一标段项目复工复产仪式并致辞。新华社记者 陈冬书 摄
图说2:9月17日,斯里兰卡总统迪萨纳亚克在科伦坡出席中国中冶承建的斯里兰卡中部高速公路第一标段项目复工复产仪式。新华社发(斯里兰卡总统媒体处供图)