Connect with us

Asia

ထိုင်းပြည်သူများအနေဖြင့် တရုတ်နိုင်ငံနှင့် ပခုံးချင်းယှဉ် အတူလျှောက်လှမ်းကာ အပြန်အလှန်ပံ့ပိုးကူညီသွားလိုကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အသစ် ပြောကြား

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဘန်ကောက်မြို့၌ ကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၆ နှစ်ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲတွင် တက်ရောက်လာကြသော ဧည့်သည်တော်များကို စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ကမ္ဘာကြီးသည် တရုတ်နိုင်ငံ၏ ထူးခြားသော ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုများ၊ ကမ္ဘာကြီး ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်း၏ အရေးပါသော ကဏ္ဍမှ ပါဝင်ဆောင်ရွက်မှုတို့ကို မျက်မြင်သက်သေပြုခဲ့ကြောင်း၊ ထိုင်းပြည်သူများသည် မိတ်ဆွေနှင့် မိတ်ဖက်အဖြစ် တရုတ်နိုင်ငံနှင့် ပခုံးချင်းယှဉ် အတူလျှောက်လှမ်းကာ အပြန်အလှန်ပံ့ပိုးကူညီမှု ရှိခြင်းအပေါ် ဂုဏ်ယူလျက်ရှိကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အသစ် Anutin Charnvirakul က စက်တင်ဘာလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အဆိုပါနေ့တွင် ဘန်ကောက်မြို့၌ ကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၆ နှစ်ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲသို့ Anutin တက်ရောက်ခဲ့သည်။ ၎င်းက ထိုင်း-တရုတ် ဆက်ဆံရေးသည် မိသားစုဝင်ကဲ့သို့ ရင်းနှီးကြောင်း၊ သန်းပေါင်းများစွာသော ထိုင်းနိုင်ငံသားများတွင် တရုတ်မျိုးရိုးစဉ်ဆက်နှင့် ဆက်နွယ်နေသော ယဉ်ကျေးမှု အရင်းခံများနှင့် သွေးချင်းဆက်သွယ်မှုများ ရှိကြောင်း၊ ဤကဲ့သို့ ဆက်သွယ်မှုသည် နှစ်နိုင်ငံချစ်ကြည်ရေး၏ အရေးပါသော အခြေခံအုတ်မြစ်ဖြစ်ပြီး မိမိတို့ ဘုံပိုင်ဆိုင်ထားသော သမိုင်း၊ ရိုးရာဓလေ့များနှင့် တန်ဖိုးထားမှုအမြင်များတွင် နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိကြောင်း မိန့်ခွန်းပြောကြားရာတွင် ပြောကြားခဲ့သည်။
Anutin က ထိုင်းအစိုးရနှင့် ပြည်သူများအား ကိုယ်စားပြု၍ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် သာယာဝပြောပါစေ၊ ထိုင်း-တရုတ် ဆက်ဆံရေး ဆက်လက်၍ တည်ငြိမ်မှု၊ သာယာဝပြောမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့သည်။
ယခုနှစ်သည် ထိုင်း-တရုတ် သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၅၀ ပြည့်ဖြစ်ပြီး နှစ်နိုင်ငံသည် အထိမ်းအမှတ်နှင့် ဂုဏ်ပြုပွဲများကို စဉ်ဆက်မပြတ် ပူးတွဲ ကျင်းပလျက်ရှိရာ ထိုင်းနိုင်ငံသည် ဤအခွင့်အရေးကို အသုံးပြုကာ တရုတ်ခရီးသွားဧည့်သည်များ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ရန်နှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများ ထိုင်းနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း၊ ထိုင်းနိုင်ငံသည် နွေးထွေးစွာ ကြိုဆိုရန် ပြင်ဆင်မှုအပြည့်အဝ ပြုလုပ်ပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Anutin က မိန့်ခွန်း၏ နိဂုံးတွင် တရုတ်ဘာသာစကားဖြင့် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထာဝရတည်တံ့ပါစေ” ဟုလည်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းကျန့်ဝေ့က တရုတ်နိုင်ငံသည် တရုတ်-ထိုင်း ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အိမ်နီးချင်း သံတမန်ရေး ဦးစားပေးအဖြစ် အစဉ်အမြဲထားရှိပြီး ထိုင်းနိုင်ငံ၏ ယုံကြည်စိတ်ချ၊ အားထားရသော မိတ်ဖက်အဖြစ် အမြဲတမ်းရပ်တည်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံ နယ်ပယ်အသီးသီးနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးပါသော သဘောတူညီချက်များကို အလေးထား အကောင်အထည်ဖော်ကာ ကဏ္ဍအသီးသီး၏ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်နက်ရှိုင်းစေပြီး ထိုင်း-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို တက်ကြွစွာမြှင့်တင်လျက် တစ်ဆင့်တိုး နက်ရှိုင်းခိုင်မာမှုရှိစေ၍ တရုတ်-ထိုင်း ဆက်ဆံရေး လာမည့်နှစ် ၅၀ ပြည့်၏ တောက်ပပြောင်မြောက်သော စာမျက်နှာအသစ်ကို အတူတကွရေးသားသွားလိုကြောင်း အမှာစကားပြောကြားရာတွင် ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
泰国新任总理:泰国人民愿一直与中国并肩前行、相互支持
新华社曼谷9月23日电(记者陈倩慈 常天童)泰国新任总理阿努廷23日说,过去数十年,世界见证了中国取得的非凡发展成就,以及其为世界和平、繁荣和可持续发展发挥的重要作用。泰国人民自豪于能够作为朋友与伙伴,一直与中国并肩同行、相互支持。
阿努廷当天出席中国驻泰国大使馆在曼谷举行的庆祝中华人民共和国成立76周年招待会。他在致辞时表示,泰中关系亲如一家,数以百万计的泰国民众都有着与中国先祖相连的文化渊源和血脉。这种联系是两国友谊的重要基石,深深植根于我们共同拥有的历史、传统和价值观之中。
阿努廷代表泰国政府和人民,祝愿中国繁荣昌盛,祝愿泰中关系继续稳步、繁荣、持续发展。他还表示,今年是泰中建交50周年,双方持续共同举办纪念和庆祝活动,泰方愿借此机会邀请中国游客来泰旅游、中国投资者来泰投资,泰国已做好充分准备热情迎接。
阿努廷还在致辞结尾用中文说:“我们祝中华人民共和国万岁。”
中国驻泰国大使张建卫致辞表示,中方始终把发展中泰关系作为周边外交优先方向,始终做泰方可信赖、可倚重的伙伴。愿同泰国各界一道,认真落实两国领导人重要共识,持续深化各领域交流合作,积极推动中泰命运共同体建设进一步走深走实,共同谱写中泰关系下一个50年的辉煌篇章。(完)
图说:9月23日,与会嘉宾出席中国驻泰国大使馆在泰国曼谷举行的庆祝中华人民共和国成立76周年招待会。 新华社记者 孙玮彤 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.