Connect with us

China

တရုတ်နိုင်ငံက ဂျပန်ဘက်၏ ယာဆူကူနီဂူဗိမာန်နှင့် စပ်လျဉ်းသည့် အပြုသဘောမဆောင်သော လှုပ်ရှားမှုကို အခိုင်အမာကန့်ကွက်သလို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းအား ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် ဧပြီ ၂၁ ရက်တွင် ယာဆူကူနီဂူဗိမာန်သို့ ကန်တော့ပစ္စည်းများဖြင့် ပူဇော်ဂုဏ်ပြုခဲ့မှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ယင်းနေ့ သတင်းထောက်မေးမြန်းမှုအား ဖြေကြားရာ၌ တရုတ်နိုင်ငံက ဂျပန်ဘက်၏ ယာဆူကူနီဂူဗိမာန်နှင့် စပ်လျဉ်းသည့် အပြုသဘောမဆောင်သော လှုပ်ရှားမှုကို အခိုင်အမာကန့်ကွက်သလို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း၊ ဂျပန်ဘက်သို့ လေးလေးနက်နက်အရေးဆိုမှုနှင့် ပြင်းပြင်းထန်ထန် ကန့်ကွက်မှု ဖော်ပြခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကောကျားခွန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ယာဆူကူနီဂူဗိမာန်မှာ ဂျပန်စစ်ဝါဒက ပြည်ပသို့ ကျူးကျော်မှုစစ်ပွဲ လုပ်ဆောင်ခြင်း၏ စိတ်ဓာတ်ရေးရာ ကိရိယာနှင့် ပြယုဂ်ဖြစ်ကာ ဖြစ်ရပ်မှန်အရ “စစ်ရာဇဝတ်သားများ၏ ဂူဗိမာန်” ဖြစ်ကြောင်း၊ ယခုနှစ်သည် တိုကျိုစစ်ခုံရုံး တရားရုံးထုတ်စီရင်သည့် နှစ် ၈၀ ပြည့်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ က နိုင်ငံ ၁၁ နိုင်ငံမှ တရားသူကြီးများသည် အချိန်နှစ်နှစ်ခွဲကြာ ခုံရုံးစီရင်ပြီးနောက် သံမဏိပမာခိုင်မြဲသည့်သက်သေ၊ တင်းကျပ်သောဥပဒေဖြင့် ဂျပန်ဖက်ဆစ်နှင့် စစ်ဝါဒတို့က ကျူးကျော်စစ် စတင်ဆင်နွှဲခြင်းနှင့် ကျူးလွန်သော ကြီးလေးသည့်ပြစ်မှုများကို ဖော်ထုတ်ခဲ့ရာ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်၏အခြေခံကို အုတ်မြစ်ချပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

သို့သော် အမျက်ဒေါသဖြစ်စေသည်မှာ နှစ်ပေါင်း ၈၀ ကြာပြီးနောက် ယနေ့တွင် နာမည်ဆိုးဖြင့်ကျော်ဇောနေ သော ယာဆူကူနီဂူဗိမာန်အတွင်း၌ ကျူးကျော်စစ်ပွဲအတွက် တိုက်ရိုက်ပြစ်ဒဏ်သင့်သော ဂျပန်နိုင်ငံ၏ ဒုတိယကမ္ဘာစစ် A အဆင့် စစ်ရာဇဝတ်သားများကို ပူဇော်ဂုဏ်ပြုထားဆဲဖြစ်သလို ဂျပန်အစိုးရအရာရှိ၊ နိုင်ငံရေးပုဂ္ဂိုလ်များကလည်း အကြိမ်များစွာသွားရောက်၍ ဂါရဝပြုခြင်း သို့မဟုတ် ပူဇော်ပစ္စည်း၊ ပူဇော်ငွေတို့ဖြင့် ပူဇော်ဂုဏ်ပြုခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း၊ ဂျပန်ဘက်က ယာဆူကူနီဂူဗိမာန် အရေးကိစ္စ၌ အပြုသဘောမဆောင်သောလှုပ်ရှားမှုသည် လက်တွေ့တွင် မိမိကိုယ်တိုင်ပြစ်မှုအား ရှောင်တိမ်းခြင်း၊ သမိုင်းတရားမျှတမှုအပေါ် မထီမဲ့မြင်ပြုမှု၊ ကျူးကျော်ခံရသောနိုင်ငံများအပေါ် ရန်စမှုဖြစ်သလို ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်းရလဒ်အပေါ် စိန်ခေါ်မှု ပို၍ပင်ဖြစ်ရာ နိုင်ငံတကာအသိုင်းအဝိုင်း၏ တစ်ပြေးညီ ပြစ်တင်ရှုတ်ချမှုနှင့် အခိုင်အမာကန့်ကွက်မှုခံရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂျပန်ဘက်အနေဖြင့် စစ်ဝါဒအဆိပ်အတောက်အကြွင်းအကျန်များ ကြီးထွားလာပြီး သမိုင်းဖြစ်ရပ်မှန်အား ပုံဖျက်ခြင်း၊ ကျူးကျော်မှုကို တန်ဆာဆင်ခြင်းအား ဆက်လက်ခွင့်ပြုထားမည်လော၊ သို့တည်းမဟုတ် ကျူးကျော်သည့်ပြစ်မှုကို လေးလေးနက်နက် ရိုးသားစစ်မှန်စွာ ပြန်လည်ဆင်ခြင်သုံးသပ်၍ မှန်ကန်သော သမိုင်းအမြင်ထားရှိကာ အာရှတိုက်အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှုကို အစစ်အမှန်ရယူမည်လောကို မဖြစ်မနေ ပြန်လည်ဆင်ခြင်ရမည်ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။

“ကာကွယ်ရေးအသုံးစရိတ်တွေ ပမာဏအများအပြားတိုးချဲခြင်း၊ တာလတ်၊ တာဝေးပစ် တိုက်ခိုက်မှုဒုံးကျည်များ ဖြန့်ကြက်ထားခြင်း၊ လက်နက်တင်ပို့မှုကန့်သတ်ချက် ဖြေလျှော့ခြင်း၊ ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှု တွန်းအားပေးခြင်း၊ နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ် အား စွန့်လွှတ်မည်ဟု သတင်းလွှင့်ခြင်းတွေကြောင့် ဘယ်လိုလုပ် မိမိကိုယ်ကို ‘ငြိမ်းချမ်းသောနိုင်ငံ’ အဖြစ် ခေါ်ဝေါ်သလဲဆိုတာကို ဂျပန်ဘက်က ဖြေကြားပေးရပါမယ်။ ဂျပန်ဘက်က ဘာတွေရည်ရွယ်နေတာလဲ။ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးကိုမြတ်နိုးတဲ့ အမှန်တရားအင်အားစုအားလုံးက ‘စစ်ဝါဒပုံစံသစ်’ ပျံ့နှံ့ကြီးထွားလာပြီး ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုအား ထိခိုက်စေမှုကို လုံးဝခွင့်ပြုမှာမဟုတ်ဘဲ ခိုင်မာစွာတုံ့ပြန်လုပ်ဆောင်သွားမှာကို ဂျပန်ဘက်က တည့်မတ်စွာရှုမြင်သင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
“သမိုင်းကို မေ့လျော့ခြင်းက သစ္စာဖောက်ခြင်းကို ဆိုလိုနေသလို ပြစ်မှုကို ငြင်းဆိုခြင်းက ပြစ်မှုပြန်လည်ကျူးလွန်ခြင်းပဲဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဂျပန်ရဲ့ ‘သမိုင်းအားပြင်ဆင်မှု’ လုပ်ရပ်ကို များစွာသတိထားကာ ဂျပန်ရဲ့ ‘စစ်ဝါဒပုံစံသစ်’ ဖြစ်နိုင်ခြေလှုပ်ရှားမှုများကို အတူတကွတားဆီးပြီး ဒေသတွင်းနဲ့ ကမ္ဘာရဲ့ ငြိမ်းချမ်းတည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းဖို့ အတူတကွကြိုးပမ်းရပါမယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
外交部:中方坚决反对、严厉谴责日方有关靖国神社的消极动向
新华社北京4月21日电(记者万倩仪、曹嘉玥)就日本首相高市早苗21日向靖国神社供奉祭品,外交部发言人郭嘉昆21日答记者问时表示,中方坚决反对、严厉谴责日方有关靖国神社的消极动向,已向日方提出严正交涉、强烈抗议。
郭嘉昆在例行记者会上表示,靖国神社是日本军国主义对外发动侵略战争的精神工具和象征,是事实上的“战犯神社”。今年是东京审判开庭80周年。80年前,11国法官历经两年半庭审,以如山的铁证和严谨的法律,揭露了日本法西斯和军国主义发动侵略战争和所犯滔天罪行,奠定了战后国际秩序的基础。但令人愤慨的是,80年后的今天,臭名昭著的靖国神社内仍供奉着对侵略战争负有直接罪责的日本二战甲级战犯,日本官员、政客多次前往参拜或供奉祭品、祭祀费。日方在靖国神社问题上的消极动向,实质是对自身罪责的逃避,对历史公正的亵渎,对被侵略国家的挑衅,更是对二战胜利成果的挑战,遭到国际社会一致谴责和坚决反对。
郭嘉昆表示,日方必须反思,是继续任由军国主义遗毒滋长蔓延,歪曲史实、美化侵略罪行,还是深刻真诚反思侵略罪行,树立践行正确历史观,真正取信于亚洲邻国和国际社会。“日方应该回答的是,大幅扩充军费,部署中远程进攻性导弹,放宽武器出口限制,推动修改和平宪法,放风放弃‘无核三原则’,如何能自诩‘和平国家’?!日方究竟意欲何为?日方应该正视的是,世界上一切爱好和平的正义力量绝不会允许‘新型军国主义’成势为患、危害地区和平稳定,必将予以迎头痛击。”他说。
“忘记历史就意味着背叛,否认罪责就意味着重犯。国际社会必须高度警惕日本‘历史修正主义’的伎俩,共同遏制日本‘新型军国主义’的妄动,共同努力维护地区和世界的和平稳定。”郭嘉昆说。(完)