Myanmar
မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်တွင် အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၇ ကီလိုဂရမ် ဖမ်းဆီးရမိ

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၇ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmarက ယနေ့ (အောက်တိုဘာ ၈ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၄ ရက် နံနက် ၉ နာရီအချိန် တာချီလိတ်မြို့နယ်အတွင်းရှိ နေအိမ်တစ်လုံးအား ၀င်ရောက်ရှာဖွေရာ အမျိုးသား ၇ ဦးနှင့် အတူ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၇ ကီလိုဂရမ် (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၆၅၆ ဘီလီယံ)၊ TOYOTA FORTUNER ယာဉ် ၁ စီး၊ HONDA CIVIC ယာဉ် ၁ စီး၊ TOYOTA CROWN ယာဉ် ၁ စီး၊ ISUZU D-MAX ယာဉ် ၁ စီးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)