Asia
ဖိလစ်ပိုင်-အမေရိကန် “Balikatan” စစ်ရေးလေ့ကျင့်မှုကို ဖိလစ်ပိုင်ပြည်သူများ စုဝေး ဆန္ဒပြ
မနီလာ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်-အမေရိကန် “Balikatan” ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီ ၂၀ ရက်က ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမြို့တွင် စတင်ခဲ့သည်။ ဖိလစ်ပိုင်ပြည်သူလူထုသည် ထိုနေ့တွင် ဖိလစ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့ ရုံးချုပ်အပြင်တွင် စုဝေးခဲ့ပြီး ဖိလစ်ပိုင်-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆန္ဒပြခဲ့ကြသည်။
ဖိလစ်ပိုင်ပြည်သူ ရာနှင့်ချီသည် ဖိလစ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့ ရုံးချုပ်အပြင်ဘက်တွင် စုဝေးခဲ့ပြီး “Balikatan စစ်ရေးလေ့ကျင့်မှုကို ရပ်တန့်ပါ” ၊ “ဖိလစ်ပိုင်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းကို ဖျက်သိမ်းပေး”၊ “အမေရိကန်စစ်တပ်နဲ့ ဒုံးကျည်အားလုံး ချက်ချင်း ရုပ်သိမ်းပါ” စသည့် စာသားများ ဝှေ့ယမ်းကာ စစ်ရေးလေ့ကျင့်မှုအား ကန့်ကွက်ကြောင်း ကြွေးကြော်နေကြသည်ကို ထိုနေ့ နံနက်ပိုင်းတွင် သတင်းထောက်က လူထုစုဝေးပွဲ၌ မြင်တွေ့ခဲ့ရသည်။
ဖိလစ်ပိုင်ကျောင်းသားသမဂ္ဂ ပြည်လုံးဆိုင်ရာဥက္ကဋ္ဌ Gabriel Magtibay က “အမေရိကန်အပေါ် တစ်သဝေမတိမ်း နာခံလိုက်နာခြင်းက ကျွန်တော်တို့ကို ပိုမိုဆိုးရွားတဲ့ စစ်ပွဲအကျပ်အတည်းဆီသို့ တွန်းပို့နေတယ်” ၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် မျှတမှုမရှိသော စစ်ရေးသဘောတူညီချက်အားလုံးကို ရပ်ဆိုင်းသင့်ကြောင်း၊ “Balikatan” စစ်ရေးလေ့ကျင့်မှုများကို ဖျက်သိမ်းသင့်ကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ် စစ်ရေးလေ့ကျင့်မှုတွင် လူပေါင်း ၁၇,၀၀၀ အထိ ပါဝင်မည်ဟု ခန့်မှန်းရပြီး မေ ၈ ရက်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သလို ဖိလစ်ပိုင်၊ အမေရိကန်၊ ဂျပန် စသည့် နိုင်ငံ ၇ နိုင်ငံမှ လက်နက်ကိုင်အင်အားများလည်း ပါဝင်ကြမည်ဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် “စွမ်းအင်အရေးပေါ်အခြေအနေ” အောက်တွင် ရှိနေသော်လည်း ဖိလစ်ပိုင်အစိုးရသည် အမေရိကန် စသည့် နိုင်ငံများနှင့် “Balikatan” ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် စီစဉ်နေကြခြင်းက ဖိလစ်ပိုင်ပြည်သူလူထု၏ ပြင်းထန်သော ဆန္ဒပြမှုကို မလွဲမသွေ ခံရမည်ဖြစ်ကြောင်း သုံးသပ်သူများက ယူဆကြသည်။ (Xinhua)

……………………….
(Chinese Version)
菲律宾民众集会抗议菲美“肩并肩”军演
新华社马尼拉4月20日电(记者赵晨捷 李萌)菲律宾和美国“肩并肩”联合军事演习20日在菲首都马尼拉启动。菲律宾民众当天在菲武装部队总部外集会,抗议菲美举行联合军演。
记者当天上午在现场看到,数百名菲律宾民众聚集在菲武装部队总部外,挥舞着“停止‘肩并肩’军演”“拆除在菲美军基地”“立即撤出所有美军部队与导弹”等标语,高喊反对军演口号。
菲律宾学生联盟全国主席加布里埃尔·马格蒂瓦伊在抗议现场表示,“对美国唯命是从,正把我们推向更加严峻的战争危机”,菲律宾应该中止所有与美国的不平等军事协议,取消“肩并肩”军演。
据悉,此次军演规模预计达1.7万人,将持续至5月8日,菲律宾、美国、日本等7个国家的武装力量参与。
分析人士认为,在当前菲律宾全国进入“能源紧急状态”的情况下,菲政府仍然忙于与美国等国组织规模庞大的“肩并肩”军演,必然遭到菲律宾民众的激烈抗议。(完)
图说:4月20日,民众手持标语在菲律宾武装部队总部外集会抗议。新华社发(乌马利摄)
