Connect with us

Politics

 တရုတ် (ကွမ်တုန်းပြည်နယ်)-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေး ဖလှယ်မှု ဆွေးနွေးပွဲနှင့် ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်အော်ဒေသ စီးပွားရေးအခွင့်အလမ်း မိတ်ဆက်ပွဲ မြန်မာနိုင်ငံရန်ကုန်မြို့၌ ကျင်းပ

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ တရုတ် (ကွမ်တုန်းပြည်နယ်)-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေး ဖလှယ်မှု ဆွေးနွေးပွဲနှင့် ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်အော်ဒေသ စီးပွားရေးအခွင့်အလမ်း မိတ်ဆက်ပွဲကို ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က ကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန်၊  ဧပြီ ၂၁ ရက် (ဆင်ဟွာ)

တရုတ် (ကွမ်တုန်းပြည်နယ်)-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေး ဖလှယ်မှု ဆွေးနွေးပွဲနှင့် ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်အော်ဒေသ စီးပွားရေးအခွင့်အလမ်း မိတ်ဆက်ပွဲကို ဧပြီ ၂၁ ရက်က မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ သက်ဆိုင်ရာအစိုးရဌာန၊ ရင်းနှီးမြှုပ်နှံမှုဌာန အဖွဲ့အစည်း၊ ကုန်သည်ကြီးများအသင်းအဖွဲ့နှင့် တရုတ်-မြန်မာ လုပ်ငန်းကုမ္ပဏီ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)