Connect with us

Media

ယူနန်ပြည်နယ် ရွှေလီမြို့တွင် “အရေးပေါ် လမ်းကြောင်း” ဖွင့်လှစ်ပေးကာ ဒဏ်ရာပြင်းထန်စွာ ရရှိထားသော မြန်မာနိုင်ငံသား ခရီးသွားဧည့်သည်အား ကယ်တင်ကူညီခဲ့

ယူနန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

မကြာသေးမီရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီနယ်စပ်စစ်ဆေးရေးဂိတ်သည် မြန်မာနိုင်ငံသား ခရီးသွားဧည့်သည်တစ်ဦး ခြေထောက်ကျိုး၍ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း၊ ဒေသန္တရဆေးကုသမှုဆိုင်ရာအခြေအနေများမှာ အကန့်အသတ်ရှိသဖြင့် တရုတ်ပြည်သို့ ဝင်ရောက်၍ ဆေးကုသမှုခံယူရန် အရေးပေါ်လိုအပ်ကြောင်း အကူအညီတောင်းခံမှုတစ်ခု လက်ခံရရှိခဲ့သည်။
အဆိုပါ စစ်ဆေးရေးဂိတ်သည် “အရေးပေါ် လမ်းကြောင်း” ချက်ချင်းဖွင့်လှစ်ပေးခဲ့ပြီး ၎င်းအတွက် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို အမြန်ဆုံးဆောင်ရွက်ပေးခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ကုသနိုင်ရန် ကူညီပေးခဲ့သည်။ လက်ရှိတွင် လူနာ၏ ဒဏ်ရာအခြေအနေမှာ တည်ငြိမ်နေပြီဖြစ်ပြီး နောက်ဆက်တွဲ ဆေးကုသမှုများကို ဆက်လက်ခံယူလျက်ရှိကြောင်း သိရသည်။ (Xinhua)

……………………….
(Chinese Version)
云南瑞丽开通“紧急通道”救助缅甸籍重伤旅客
【解说】近日,云南瑞丽边防检查站接到求助称,一名缅甸籍旅客腿部骨折,受伤严重,因当地医疗条件有限,急需入境接受诊疗。该站立即开通“紧急通道”,为其快速办理入境边检手续,并协助将其送医治疗。目前,患者伤情稳定,正在接受进一步治疗。
记者:孙敏