Connect with us

Asia

ဂျပန်နိုင်ငံ Mie စီရင်စု အရှေ့တောင်ပိုင်းပင်လယ်ပြင်တွင် ပြင်းအား ၆.၅အဆင့်ရှိ ငလျင် လှုပ်ခတ်

ဂျပန်နိုင်ငံတွင် ဇွန်လ ၁၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဖြစ်ပွားခဲ့သည့် ပျက်စီးမှုအချို့အား တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ Mie စီရင်စု အရှေ့တောင်ပိုင်း ပင်လယ်ပြင်တွင် ယနေ့ (ဇူလိုင် ၂၈ ရက်)နံနက်ပိုင်းက ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါငလျင်သည် ဇူလိုင် ၂၈ ရက် ဒေသစံတော်ချိန် ၃ နာရီ ၃၁ မိနစ်ခန့်တွင် မြောက်လတ္တီကျု ၃၃.၀ ဒီဂရီ၊ အရှေ့လောင်ဂျီကျု၁၃၇.၂၄ ဒီဂရီ၊ အနက် ၄၂၀ ကီလိုမီတာ ကို ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း ဂျပန် မိုးလေဝသဌာန၏ ထုတ်ပြန်သည့် သတင်းများအရ သိရသည်။

ငလျင်လှုပ်ခတ်မှုကို ဂျပန်နိုင်ငံ နေရာအမြောက်အမြားက ခံစားမိကြောင်း သိရသည်။ ဂျပန် မိုးလေဝသဌာန၏ တိုင်းတာချက်များအရ Miyagi စီရင်စုတွင် အင်အား ၄ အဆင့် နှင့် တိုကျိုဒေသ တွင် အင်အား ၃ အဆင့်အထိ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုစာရင်း မထွက်ရှိသေးကြောင်း သိရသည်။

အမေရိကန် ဘူမိတိုင်းတာရေးဌာန(USGS)၏ ငလျင်ဝက်ဘ်ဆိုက် သတင်းများက ယခုလှုပ်ခတ်သည့်ငလျင်မှာ ပြင်းအား ၆.၃ အဆင့်ရှိသည်ဟု ဆိုသည်။

ယခုလှုပ်ခတ်သည့် ငလျင်ဗဟိုချက်မှာ မြေအောက် အလွန်နက်သောနေရာတွင် တည်ရှိသောကြောင့် ဆူနာမီအန္တရာယ်မရှိဟု ဂျပန်မိုးလေဝသ ဌာနက ဆိုသည်။(Xinhua)