Politics, Law & Military
USDPပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်က ယခင် ဝန်ကြီး၊ ဒုဝန်ကြီးဟောင်းများနှင့် တွေ့ဆုံပြီး လူမှုအကျိုး စီးပွား တိုးတက်ရေး ဝိုင်းဝန်းဆောင်ရွက်ရန်မှာကြား
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ယခင် သမ္မတဟောင်း ဦးသိန်းစိန်နှင့် ယခင် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယ ဝန်ကြီးဟောင်းများနှင့် တွေ့ဆုံကာ လူမှုအကျိုးစီးပွားတိုးတက်ရေးများကို ဝိုင်ဝန်းလုပ်ဆောင်ကြရန် မှာကြားခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းမြင့်ကဆင်ဟွာသို့ ပြောကြားသည်။
“အရင် တာဝန်ထမ်းခဲ့တဲ့ လုပ်ငန်းကဏ္ဍအသီးသီးမှာအသိပညာအတတ်ပညာပိုင်းနဲ့ အတွေ့အကြုံပိုင်းအခြေခံပြီး မိမိတို့တတ်စွမ်းသမျှ နိုင်ငံရေးအပြင်ကနေ ဝိုင်းလုပ်ဖို့ ဒီနေ့တွေ့ပြီး ဆွေးနွေးဖြစ်တယ် ” ဟု ၎င်းကဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်၊ ပါတီထိပ်ပိုင်း ခေါင်းဆောင်များ နှင့်ယခင်အစိုးရအဖွဲ့ဝင်များ တွေ့ဆုံနေစဉ် (ဓာတ်ပုံ- U Ohn Myint Facebook)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်၊ ပါတီထိပ်ပိုင်း ခေါင်းဆောင်များ နှင့်ယခင်အစိုးရအဖွဲ့ဝင်များ တွေ့ဆုံနေစဉ် (ဓာတ်ပုံ- U Ohn Myint Facebook)
ရန်ကုန်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဥက္ကဋ္ဌ ဦးသိန်းစိန်သည် ပါတီထိပ်ပိုင်းခေါင်းဆောင်များ၊ ယခင်ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယ ဝန်ကြီးများ အပါအဝင် စုစုပေါင်း ၈၀ ဦးခန့်နှင့် တွေ့ဆုံကာ ပါတီကို ပြည်သူများ ယုံကြည်အားကိုးလာအောင် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း လည်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ (Xinhua)