Videos
ကမ္ဘာ့အမြန်ဆုံးကျည်ဆံရထား၂စင်းဖြတ်သန်းမောင်းနှင်စမ်းသပ်
ဟဲနန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့အမြန်ဆုံးကျည်ဆံရထား ၂စင်း ကို အမြန်နှုန်း ၁နာရီ ကီလိုမီတာ ၈ဝဝ ဖြင့် ဆန့်ကျင်ဘက်ဆီမှ တပြိုင်တည်းဖြတ်သန်းပြေးဆွဲစမ်းသပ်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ စမ်းသပ်ပြေးဆွဲခြင်းကို တရုတ်နိုင်ငံ အလယ်ပိုင်းဟဲနန်ပြည်နယ်ရှိ ကျန့်ကျိုးမြို့နှင့် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစု ပြည်နယ်ရှိ ရွှီကျိုးမြို့တို့ကို ဆက်သွယ်ထားသည့်
အမြန်ရထားလမ်းပိုင်းတွင် မောင်းနှင်ခြင်းဖြစ်သည်။ ရထား၂ စီးဖြတ်သန်းချိန်တွင် တစ်နာရီ ကီလိုမီတာ ၄၂ဝ နှုန်းအထိ ရှိအောင်စမ်းသပ်ဖြတ်သန်းမောင်းနှင်ခြင်းဖြစ်သည်။
စက္ကန့်အနည်းငယ်မျှကြာချိန်အတွင်းဖြတ်သန်းသွားနိုင်ရန်ဆောင်ရွက်ထားခြင်းသည် ကျည်ဆံရထားများအတွက် အမှန်တကယ် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်းလည်း ကျွမ်းကျင်သူများက ဆိုသည်။
တရုတ်နိုင်ငံတွင် ကမ္ဘာ့အရှည်ဆုံး မြန်နှုန်းမြင့် ရထားလမ်းကွန်ရက်ရှိပြီး ၂ဝ၁၅ ခုနှစ်အကုန်က စတင်ကာ ကီလိုမီတာပေါင်း ၁၉ဝဝဝ အထိ ဖြန့်ကျက်သွားလာနိုင်မည်ဖြစ်သည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၌အမြန်ဆုံးရထားများကို တစ်နာရီ ကီလိုမီတာ ၃၁ဝ နှုန်းခန့်အထိ ပြေးဆွဲမောင်းနှင်စမ်းသပ်လျက်ရှိသည်။ (Xinhua)