Connect with us

Videos

ရွှံ့နွံတောတွင်ကန်ရသည့် ရုရှားဘောလုံးပွဲ

စိန့်ပီတာစဘတ်ချ်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ချ်မြို့အပြင်ဘက်ရှိ ရွှံ့နွံတောထဲတွင် ရုရှားရွှံ့ဘောလုံးကစားသမားများမှာ အမျိုးသားဘောလုံးချန်ပီယံပြိုင်ပွဲအတွက် ဇူလိုင်လ ၁ဝ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ကြကြောင်းသိရသည်။
ပွဲမှာ ပထမပိုင်း ဒုတိယပိုင်း ၂ပိုင်း ခွဲထားပြီး ကစားချိန် ၁၃ မိနစ်စီရှိသည်။ အသင်းတစ်သင်းစီတွင် ကစားသမား ၅ ဦးနှင့် ဂိုးသမား ၁ဦးပါဝင်ပြီး မီတာ ၆ဝ ရှည်ပြီး ၃၅ မီတာကျယ်သည့် ရွှံ့တောထဲတွင် ကစားရခြင်းဖြစ်သည်။
ရွှံ့ဘောလုံးအားကစားကို ဖင်လန်နိုင်ငံက စတင်တီထွင်ခဲ့ခြင်းဖြစ်ကြောင်းယုံကြည်ကြပြီး ပထမဆုံးချန်ပီယံ ဖိတ်ခေါ်ပြိုင်ပွဲကို ၁၉၉၈ ခုနှစ်တွင်ကျင်းပခဲ့ကြောင်းသိရသည်။ဖင်လန်နိုင်ငံသည် နှစ်စဉ် ရုရှား၊ ပြင်သစ်၊ ဂျာမဏီ စသည့်နိုင်ငံများစွာ တို့မှ ဝင်ရောက်ယှဉ်ပြိုင်သူများကိုဖိတ်ခေါ်ကာ ကမ္ဘာ့ချန်ပီယံ ရွှံ့ဘောလုံးကစားပွဲများ ကို စီစဉ်ကျင်းပပေးလျက်ရှိသည် ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.