Connect with us

Photos

ဘင်္ဂလားဒေ့ရှ် တွင်တရုတ်နိုင်ငံချေးငွေဖြင့် တည်ဆောက်သည့် ၈ စင်းမြောက် ချစ်ကြည်ရေးတံတား ပြီးစီးလုပြီဖြစ်

ဒါကာ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင်တရုတ်နိုင်ငံချေးငွေဖြင့် တည်ဆောက်သည့် ၈ စင်းမြောက် ဘင်္ဂလားဒေ့ရှ်-တရုတ် ချစ်ကြည်ရေးတံတားမှာ မကြာမီ ပြီးစီးလုပြီဖြစ်ကြောင်းသိရသည်။အဆိုပါတံတားကို ဒါကာမြို့မှ အနောက်တောင်ဘက် ၁၈၅ ကီလိုမီတာအကွာရှိ Pirojpur ခရိုင် Kocha မြစ်အောက်ဘက်တွင်တည်ဆောက်နေခြင်းဖြစ်သည်။

ဒေသခံများက မြစ်တစ်ဖက်ခြမ်းသို့ သွားရောက်လိုပါက ကူးတို့လှေများ၊ စက်လှေများကိုအသုံးပြုသွားလာရသောကြောင့် အဆိုပါတံတားကြီးတည်ဆောက်ပြီးစီးပါက မြစ်ကို ဖြတ်ကူးရန်အချိန်မိနစ်ပိုင်းသာကြာမြင့်မည်ဖြစ်သောကြောင့် ၎င်းတို့အတွက် အလွန်အကျိုးရှိမည်ဖြစ်သည်။

ဒေသခံတစ်ဦးဖြစ်သူ Md Lutfar Rahman Sheikh က “ကျွန်တော့်နာမည်ကတော့ Md Lutfar Rahman Sheikh ပါ၊ ကျွန်တော့်အိမ်က Kumirmara ဖယ်ရီ Ghat နားမှာပေါ့ (တံတားအနီးတွင်ဖြစ်သည်)။ ကျွန်တော်က ဒီမြစ်ထဲမှာ ဆွဲပိုက်ချသင်္ဘောမောင်းပါတယ်။ ဒီမြစ်ကြီးကိုဖြတ်ကူးဖို့ တံတားတစ်စင်း ရှိလာပြီဆိုတော့ ကျွန်တော်သိပ်ကိုဝမ်းသာပါတယ်၊ ပြည်သူတွေအတွက်လည်းအများကြီးအကျိုးဖြစ်စေမှာပါ။ တနေရာနဲ့တနေရာသွားလာရာမှာလည်းအဆင့်မြင့်လာမှာပါ၊ ဒီကူးတို့လှေတွေစီးရတာ တော်တော်ဒုက္ခများပါတယ်၊ မြစ်ကို ကူးဖို့ အချိန်တွေလည်းအများကြီးကုန်ခဲ့ပါတယ်၊ အခုတော့ တံတားတစ်စင်းရှိလာတော့မယ်ဆိုတော့ အဲဒီဒုက္ခတွေကင်းဝေးတော့မယ့်အပြင် အချိန်ကုန်လည်းသက်သာတော့မှာပါ။ တရုတ်နိုင်ငံ အစိုးရက ဒီတံတားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရအတွက်လက်ဆောင်ပေးလို့သိပ်ကိုဝမ်းမြောက်ပါတယ်” ဟုဆိုသည်။

တရုတ်နိုင်ငံ၏ China Railway 17th Bureau Group Co.,Ltd က China Railway Major Bridge Reconnaissance & Design Institute Co.,Ltd ၏ ကြီးကြပ်မှုဖြင့် အဆိုပါတံတားကို တည်ဆောက်နေခြင်းဖြစ်သည်။
တံတားလုပ်သားတစ်ဦးဖြစ်သူ MD Mehedi Hasan က
“ ကျွန်တော့်နာမည်က MD Mehedi Hasan ပါ၊ ကျွန်တော်က Pirojpur ခရိုင်ရဲ့ ခရိုင်ခွဲဖြစ်တဲ့ Kaukhali က ပါ၊
ကျွန်တော့်အိမ်က Bekutia ကူးတို့ဆိပ်အနောက်မှာပေါ့၊ကျွန်တော် ဒီမှာ အလုပ်လုပ်လာတာ ၃နှစ်ရှိပါပြီ။
ဒီတံတားကြီးက ကျွန်တော်တို့အိမ်နားမှာ ဆောက်နေလို့သိပ်ကိုဝမ်းသာပါတယ် ၊ကျွန်တော်တို့အဲဒီမှာနေသရွေ့ တံတားကြီးပေါ်မှာ လမ်းလျှောက်နိုင်တော့မယ်လေ ၊ ကျွန်တော်တို့လည်းသိပါတယ် ဒါကိုကြည့်လို့သိပ်ကောင်းတယ်ဆိုတာနဲ့ ပတ်ဝန်းကျင် နဲ့ အလှအပလည်း တော်တော် သာယာလှပတယ်ဆိုတာကိုပေါ့၊ ကျွန်တော် ဒီမှာအလုပ်ရလို့လည်းသိပ်ပျော်ပါတယ်ဘာလို့လည်းဆိုတော့ ဒီမှာ ၃ နှစ်တာ အလုပ်ပြီးသွားတဲ့အချိန်မှာ ကျွန်တော်အများကြီးလေ့လာသင်ယူခဲ့ပြီး အများကြီးသိရှိနားလည်ခဲ့ရပါတယ်၊ ကျွန်တော်တို့ ဒီမှာ တရုတ်ဆရာသမားအများကြီးရရှိခဲ့ပါတယ်၊ တရုတ်နိုင်ငံအစိုးရကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့ဟာ ၈ စင်းမြောက် ချစ်ကြည်ရေးတံတားကြီးကိုလက်ခံရရှိလို့သိပ်ကိုဝမ်းသာပျော်ရွှင်နေပါတယ်။တံတားကြီးတည်ဆောက်မှုအား လာမည့်နှစ် ဇွန်လတွင် အပြီးသတ်နိုင်ရန် ရည်မှန်းထားကြောင်းသိရသည်။ (Xinhua)

……………………
(English Version)
GLOBALink | 8th friendship bridge under Chinese grants nears completion in Bangladesh
The eighth Bangladesh-China Friendship Bridge under Chinese grants nears completion in Bangladesh. #GLOBALink

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.