Connect with us

Videos

တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတရွေးကောက်ပွဲချောမွေ့စွာပြီးဆုံးမှုအပေါ် ဂုဏ်ပြု

မနီလာ၊ မေ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ က ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတရွေးကောက်ပွဲချောမွေ့စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့်အတူ ရွေးကောက်ခံရသည့် ခေါင်းဆောင်များအား ဂုဏ်ပြုကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျောက်လီကျန်းက မေ ၁၀ ရက်တွင်ပြောကြားခဲ့သည်။ကျောက်လီကျန်းက “ တရုတ်နိုင်ငံအနေနဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတ ရွေးကောက်ပွဲချောမွေ့စွာဆောင်ရွက်နိုင်တဲ့အပေါ် ဂုဏ်ပြုပါတယ်။ နောက်ပြီး ရွေးကောက်ခံရတဲ့ခေါင်းဆောင်ကိုယ်စားလှယ်တွေကိုလည်းဂုဏ်ပြုပါတယ်။ ဖိလစ်ပိုင်နိုင်ငံက နိုင်ငံရေးအင်အားစုအသီးသီးကလည်း နိုင်ငံရဲ့ အားသစ်လောင်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ စည်းလုံးညီညွတ်စွာဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားကြမယ်လို့လည်း ယုံကြည်မျှော်လင့်ပါတယ်။

တရုတ်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ ရေပိုင်နက်ချင်းဆက်စပ်နေကြတဲ့နိုင်ငံဖြစ်ပြီး ရှေးယခင်ကတည်းက ချစ်ကြည်ရေးအဓွန့်ရှည်လာကြတဲ့နိုင်ငံတွေပါ၊ မိမိတို့ဟာ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမယ့် ကောင်းမွန်တဲ့ မိတ်ဖက်တွေဖြစ်ပြီး ဘုံဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုအတူလျှောက်လှမ်းကြတဲ့ ခရီးသွားတွေဆိုလည်းမမှားပါဘူး၊ မိမိတို့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ဗျူဟာမြောက် လမ်းညွှန်ချက်တွေ အောက်မှာ နှစ်နိုင်ငံချစ်ကြည်ဆက်ဆံရေးဟာ စဉ်ဆက်မပြတ်အဆင့်မြင့်တက်လျက်ရှိပါတယ်။

ကောင်းမွန်တဲ့ချစ်ကြည်ရေးဟာ နှစ်ဖက် ပြည်သူတွေအတွက်အကျိုးအမြတ်တွေဖြစ်စေတဲ့အပြင် ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုပံ့ပိုးပေးပါတယ်၊ တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံနဲ့အတူ ကောင်းမွန်တဲ့ အိမ်နီးချင်း ကောင်း၊ မိတ်ဆွေကောင်းနိုင်ငံအဖြစ်ဆက်လက်ရပ်တည်ပြီး COVID ကာလအလွန်ဖွံ့ဖြိုးတိုးတက်မှုတွေကိုအသားပေးကာ နှစ်ဦးနှစ်ဘက်အကျိုးရှိစေရေးမူဝါဒကိုကျယ်ပြန့်စေပြီး နှစ်နိုင်ငံပြည်သူတွေအတွက် ပိုမို ထင်သာမြင်သာတဲ့ အကျိုးကျေးဇူးတွေကိုယူဆောင်လာနိုင်စေဖို့ အတူတကွလုပ်ကိုင်သွားမယ်ဆိုတာကိုကတိပြုပါတယ်။” ဟုဆိုသည်။ (Xinhua)

………………………
(English Version)
GLOBALink | China congratulates on smooth Philippine presidential race: spokesperson
396 views May 11, 2022 China congratulates the Philippines on the smooth holding of the presidential election and also congratulates the leading candidates, a foreign ministry spokesperson said Tuesday. #GLOBALink

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.