Connect with us

Videos

ရှင်းကျန်းဒေသတွင်ပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့စေရန် မြန်နှုန်းလျော့ သမားရိုကျ ပုံမှန်ရထားများပြေးဆွဲ

ဝူးလူမုချီ၊ မေ ၁၁ ရက် (ဆင်ဟွာ)

ကမ္ဘာ့အမြန်ရထားလမ်းကွန်ရက်အဖွံ့ဖြိုးဆုံး ဒေသတစ်ခုဖြစ်သည့် တရုတ်နိုင်ငံတွင်လက်ရှိအချိန်အထိ မြန်နှုန်းလျော့ သမားရိုကျ ပုံမှန်ရထား စင်းရေပေါင်း ၈၀ စင်းကို ရှင်းကျန်းဒေသအပါအဝင် ဒေသအချို့၌ ဆက်လက်ပြေးဆွဲနေပြီး ပြည်သူ ၁၂ သန်းအား နှစ်စဉ် သယ်ယူပို့ဆောင်ပေးလျက်ရှိကာ ပြည်သူများ၏ နှစ်စဉ် ခရီးသွားလာစရိတ် ကုန်ကျငွေမှာ တစ်ကီလိုမီတာလျှင် ၀.၀၆ ယွမ်ထက်ပိုမိုကုန်ကျမှုမရှိစေရန်စီစဉ်ထား ကြောင်းသိရသည်။တရုတ်နိုင်ငံ နေရာအများအပြားရှိဘူတာများတွင် ကျည်ဆန်ရထားများပြေးဆွဲနေပြီဖြစ်သော်လည်း ခေတ်နှင့်မကိုက်ညီဖွယ်မြင်ရသည့် အရှိန်နှုန်းနည်းပါးသည့် သမားရိုးကျရထားများသည် ဝေးလံခေါင်ဖျားဒေသများတွင် မပြောင်းလဲသောလက်မှတ်ဈေးနှုန်းများ မပြောင်းလဲသော ဝန်ဆောင်မှုများဖြင့်ဆက်လက်ပြေးဆွဲလျက်ရှိသည်။
ကမ္ဘာ့အမြန်ရထားကွန်ရက်အဖွံ့ဖြိုးဆုံး ဒေသတစ်ခုဖြစ်သည့်တရုတ်နိုင်ငံ၌ လက်ရှိတွင် မြန်နှုန်းလျော့ သမားရိုးကျရထားအစင်းရေပေါင်း ၈၀ စင်းဖြင့် ပုံမှန်ဝန်ဆောင်မှုပေးလျက်ရှိသည်။
၎င်း ရထားများသည် ရှင်းကျန်းဒေသမြို့တော် ဝူးလူမုချီနှင့်ဟော့ထန်းဒေသများအကြား မူလအတိုင်းပြေးဆွဲနေခြင်းဖြစ်သည်။ခရီးစဉ်တစ်ခုလုံးမှာ ၁,၉၆၀ ကီလိုမီတာရှိပြီး လမ်းတစ်လျှောက်တွင်ဘူတာပေါင်း ၆၆ ခုရှိသည်။

၂၀၁၁ ခုနှစ်တွင် ရထားဝန်ဆောင်မှုစတင်ခဲ့သည့်အချိန်မှစ၍ လက်မှတ်ခများသည် ဒေသခံများအတွက် လက်လှမ်းမီသည့်အနေအထားတွင်တည်ရှိဆဲဖြစ်သည်။
ပြည်သူများက မြန်နှုန်းလျော့ သမားရိုးကျရထားများဖြင့် ကုန်ပစ္စည်းများကိုဈေးများသို့သယ်ယူပို့ဆောင်ခြင်း၊ ကလေးများကျောင်းကြိုပို့ခြင်းနှင့် ရွေ့ပြောင်းလုပ်သားများ မြို့ကြီးများထံသွားလာရေးတို့အတွက် အသုံးပြုနေကြခြင်းဖြစ်သည်။

ရထားမောင်းနှင်သူကပ္ပတိန်က “ ဒီရထားက အကျိုးအမြတ်မရပါဘူး၊ ဒီတော့လက်မှတ်ခ က လည်း သိပ်ကိုဈေးပေါပါတယ်၊ ဟော့ထန်းကနေ ကက်ရှ်ဂါကို ၅၅ ယွမ် (အမေရိကန်ဒေါ်လာ ၈.၂ဒေါ်လာ) သာကျသင့်ပါတယ် ဈေးအပေါဆုံးလက်မှတ်က ဟော့တန်နဲ့ မို့ယွီကို ၅ ယွမ် (၇၀ ဆင့် )ပဲကျသင့်ပါတယ် ၊ ဒီရထားက နာရီဝက်တစ်ခါ ရပ်ပါတယ်၊ အချို့ဘူတာရုံတွေ ဥပမာအားဖြင့် Aketao ဘူတာမှာဆိုရင် ခရီးသည်တစ်ဦးပဲ စီးတာပါ ဒါပေမဲ့ ရထားဟာ ဘူတာတိုင်းမှာ ရပ်ပါတယ်၊ မြန်နှုန်းလျော့ ရထားတွေဟာ ရှင်းကျန်းဒေသတောင်ပိုင်းမှာ ပြည်သူတွေ သွားလာမှုကိုအဆင်ပြေချောမွေ့စေပါတယ်” ဟုဆိုသည်။ဆင်ဟွာသတင်းထောက်များက ဝူးလူမုချီမှ သတင်းပေးပို့နေခြင်းဖြစ်သည်။ (Xinhua)

………………………
(English Version)

Slow-speed trains facilitate people’s travel in China’s Xinjiang

As bullet trains zoom through stations in many parts of China, the seemingly outdated, rumbling slow-speed trains have continued to serve residents of remote areas with stable ticket prices and services.

Though home to the world’s most developed high-speed railway network, China still regularly operates more than 80 slow train services.

The trains running between Xinjiang’s capital Urumqi and Hotan, are typical examples.

The whole journey of the train is 1,960 km, with 66 stops along the way.

Since the trains’ operation in June 2011, the fares have remained affordable for locals.

People adore taking the slow-speed trains to carry goods to markets, send children to schools, and head for megacities as migrant workers.

SOUNDBITE (Chinese): POLATIKHAN, Train captain
“The train is nonprofit, so the ticket is very cheap. It only takes 55 yuan (8.2 U.S. dollars) from Hotan to Kashgar, and the cheapest ticket is only 5 yuan (0.7 dollars) between Hotan and Moyu. This train stops every half hour. Some stations, for example, Aketao station, have only one passenger on board, but the train still stops at every station. The slow trains facilitate people’s travel in southern Xinjiang.”

Xinhua News Agency correspondents reporting from Urumqi, China.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.