Connect with us

Videos

တရုတ်နိုင်ငံထုတ် မော်တော်ယာဉ် အစီးရေ ၁,၀၀၀ မက္ကဆီကိုနိုင်ငံသို့ ဦးတည်ထွက်ခွာ

ဖူကျန့် ၊ မတ် ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် Ningde မြို့၌ တရုတ်နိုင်ငံထုတ် မော်တော်ယာဉ် အစီးရေ ၁,၀၀၀ အား မတ် ၁၅ ရက်တွင် ကုန်တင်သင်္ဘောပေါ်သို့ တင်ဆောင်ကာ မက္ကဆီကိုနိုင်ငံ Lazaro Cardenas ဆိပ်ကမ်းသို့ ထွက်ခွာသွားရောက်ခဲ့ကြောင်း သိရသည်။

ယင်းမော်တော်ယာဉ်များအား တရုတ်နိုင်ငံ၏ အဓိက ကားထုတ်လုပ်သူများအနက် တစ်ဦးဖြစ်သည့် SAIC Motor က ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ Ningde မြို့ရှိ SAIC Motor ထုတ်လုပ်ရေးအခြေစိုက်စခန်းက နှစ်စဉ် တင်ပို့မှု ပမာဏ အစီးရေ ၂၀၀,၀၀၀ ခန့် ရှိကြောင်း သိရသည်။

SAIC Motor က ၂၀၂၂ ခုနှစ် ယာဉ်အစီးရေ ၅.၃ သန်းကျော် ရောင်းချခဲ့ပြီး ၁၇ နှစ်ဆက်တိုက် တရုတ်နိုင်ငံ၌ ပထမအဆင့်တွင် ရှိနေကြောင်း သိရသည်။ (Xinhua)
————–
1,000 made-in-China vehicles head for Mexico
1,000 made-in-China vehicles were loaded onto a freighter Wednesday in Ningde, east China’s Fujian Province, heading for Lazaro Cardenas Port in Mexico.
The vehicles were made by SAIC Motor, one of China’s main carmakers. The production base of SAIC Motor in Ningde has an annual export volume of about 200,000 units.
SAIC Motor sold over 5.3 million vehicles in 2022, ranking first in China for the 17th consecutive year.
Xinhua News Agency correspondents reporting from Ningde, China. (XHTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.