Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် နှင့် ဩစတြေးလျ အထက်လွှတ်တော် ဥက္ကဋ္ဌ Susan Lines ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ Milton Dick တို့ တွေ့ဆုံဆွေးနွေး

ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် Anthony Albanese ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန် ဇွန် ၁၅ ရက် ညနေပိုင်းက အထူးလေယာဉ်ဖြင့် အက်ဒလိတ်လေဆိပ်သို့ ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကင်ဘာရာ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဩစတြေးလျနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ Susan Lines ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ Milton Dick တို့နှင့် ဇွန် ၁၇ ရက် နံနက်ပိုင်းက ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လီချန်က ပြီးခဲ့သည့် နှစ်များတွင် တရုတ်-ဩစတြေးလျ ဆက်ဆံရေးသည် အချို့အကွေ့များနှင့်ကြုံတွေ့ခဲ့ရပြီးမှ လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ရာ လွယ်ကူသည့်ကိစ္စမဟုတ်ကြောင်း ၊ နောက်တစ်ဆင့်အနေဖြင့် ပို၍ ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ကြိုးပမ်းရမည် ဖြစ်ရာ နှစ်နိုင်ငံအတူတကွ ကြိုးပမ်းအားထုတ်ရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နှစ်နိုင်ငံဥပဒေပြုအဖွဲ့များက အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း ပြောကြားခဲ့သည်။
တရုတ်-ဩစတြေးလျ နှစ်နိုင်ငံ စီးပွားရေးသည် အပြန်အလှန်ဖြည့်စွက်မှု များစွာ ရှိသလို ပူးပေါင်းဆောင်ရွက်မှုအလားအလာ ကျယ်ပြောကြောင်း၊ ဩစတြေးလျ လွှတ်တော်အနေဖြင့် နှစ်နိုင်ငံ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများကို အပြုသဘော ထောက်ခံအားပေးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးအာမခံချက်နှင့် နိုင်ငံရေးပတ်ဝန်းကျင်ကောင်းကို ပံ့ပိုးသွားမည်ဟု မျှော်လင့်ကြောင်း လီချန်က ပြောကြားခဲ့သည်။
တရုတ်-ဩစတြေးလျ နှစ်နိုင်ငံသည် သမိုင်းယဉ်ကျေးမှု၊ လူမှုစနစ် ကွဲပြားခြင်းကြောင့် အချို့ပြဿနာရပ်များအပေါ် ရှုမြင်သည့်သဘောထား ကွာခြားမှုရှိသည်မှာ ပုံမှန် ဖြစ်ကြောင်း၊ အဓိကအားဖြင့် တွေ့ဆုံဆွေးနွေးမှုများကို အားဖြည့်ရမည် ဖြစ်ပြီး ပိုမို နားလည်မှုများဖြင့် သံသယကင်းအောင် ဖြေရှင်းရမည် ဖြစ်ကြောင်း၊ မှန်ကန်သည့် သိမြင်မှုသည် ပထမဦးစွာ အမှန်စင်စစ် နားလည်မှုပေါ် အခြေခံ တည်ဆောက်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နှစ်နိုင်ငံ ဥပဒေပြုအဖွဲ့များဖလှယ်ရေးကို မြှင့်တင်ရန် ထောက်ခံအားပေးကြောင်း၊ အပြန်အလှန် မှန်ကန်သည့်နားလည်မှုများကို တိုးမြှင့်ရာတွင် အပြုသဘောဆောင်နိုင်ရန်အတွက် ဩစတြေးလျနိုင်ငံ လွှတ်တော်အမတ်များ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပြောင်းအလဲများကို လက်တွေ့လေ့လာရန် ဖိတ်ခေါ်ကြောင်း လီချန်က ပြောကြားခဲ့သည်။

Susan Lines နှင့် Milton Dick တို့က ဩစတြေးလျနိုင်ငံအနေဖြင့် ဩစတြေးလျ-တရုတ် ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်သည့် အရှိန်အဟုန်ကို ထိန်းထားနိုင်မှုအား တွေ့မြင်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း ၊ ဩစတြေးလျ လွှတ်တော်သည် တရုတ်နိုင်ငံနှင့်အတူ တွေ့ဆုံဆွေးနွေးမှုများ မြှင့်တင်သွားကာ နှစ်နိုင်ငံဆက်ဆံရေး အဆက်မပြတ်တိုးတက်စေရန်၊ နှစ်နိုင်ငံပြည်သူများအကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
李强集体会见澳大利亚联邦议会参议长莱恩斯、众议长迪克
新华社堪培拉6月17日电(记者章建华 叶珊)当地时间6月17日上午,国务院总理李强在堪培拉集体会见澳大利亚联邦议会参议长莱恩斯、众议长迪克。
李强表示,过去几年,中澳关系经历曲折后重回正轨,来之不易。下一步要取得更大发展,需要双方共同努力,两国立法机构在其中的作用十分重要。中澳经济高度互补,合作空间广阔。希望澳联邦议会积极支持两国务实合作,为此提供良好的法治保障和政治氛围。
李强指出,中澳两国的历史文化、社会制度不同,对一些问题的看法存在差异是正常的,关键是要加强沟通对话,以增进了解、消除疑虑。正确的认知首先必须建立在真正了解的基础上。中方支持两国立法机构加强交流,欢迎澳联邦议会议员多到中国走一走、看一看,实地了解中国的发展变化,为增进彼此正确认知发挥积极作用。
莱恩斯和迪克表示,澳方很高兴看到澳中关系保持稳定发展的良好势头。澳联邦议会愿同中方加强对话沟通,推动澳中关系不断发展,造福两国人民。
1. 应澳大利亚总理阿尔巴尼斯邀请,国务院总理李强当地时间6月15日下午乘包机抵达阿德莱德机场,开始对澳大利亚进行正式访问,并同阿尔巴尼斯总理举行第九轮中澳总理年度会晤。
新华社记者 饶爱民 摄