Connect with us

International Organizations

မြောက်ကိုရီးယားနိုင်ငံ ကာကွယ်ဆေးထိုးနှံခြင်းလှုပ်ရှားမှုအတွက် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မှ ပံ့ပိုးကူညီ

ကုလသမဂ္ဂ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) သည် မြောက်ကိုရီးယားနိုင်ငံ အစိုးရမှ နိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်နေသော ကာကွယ်ဆေးအမျိုးမျိုး ထိုးနှံခြင်းလှုပ်ရှားမှုအတွက် ပံ့ပိုးကူညီလျက်ရှိကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရသူ Dujarric က စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
ယခုအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းလှုပ်ရှားမှုမှာ COVID-19 ကပ်ရောဂါကတည်းက ကာကွယ်ဆေးမထိုးရသေးသည့် ကလေးငယ် ၈၀၀,၀၀၀ ကျော်နှင့် ကိုယ်ဝန်ဆောင် ၁၂၀,၀၀၀ အတွက် ရည်ရွယ်ကြောင်း ထိုနေ့ သတင်းစာရှင်းလင်းပွဲတွင် Dujarric က ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှံရေးမဟာမိတ်အဖွဲ့ (GAVI) ၏ ပံ့ပိုးမှုအောက်တွင် UNICEF မှ မြောက်ကိုရီးယားကျန်းမာရေးဝန်ကြီးဌာနကို ကူညီ၍ ၎င်းနိုင်ငံသို့ ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ မေးခိုင်-ဆုံဆို့နာရောဂါ ကာကွယ်ဆေး၊ အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးနှင့် ပိုလီယိုကာကွယ်ဆေး စသည်တို့ အပါအဝင် ကာကွယ်ဆေး အလုံးရေ ၄ သန်းကျော်ကို ပေးပို့ခဲ့ကြောင်း Dujarric က ပြောကြားခဲ့သည်။ ထို့အပြင် UNICEF သည် ကာကွယ်ဆေးထိရောက်မှုရှိစေရန်အတွက် အအေးခန်း အသစ်၊ ရေခဲသေတ္တာအသစ်နှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို ပံ့ပိုးပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၇,၂၀၀ ကျော်က ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကာကွယ်ဆေးတုံ့ပြန်နိုင်ခြေများကို ကိုင်တွယ်ခြင်းဆိုင်ရာ လေ့ကျင့်မှုများ ခံယူခဲ့ကြောင်း သိရသည်။
COVID-19 ကပ်ရောဂါ မဖြစ်ပွားမီ မြောက်ကိုရီးယားတစ်နိုင်ငံလုံးအနေဖြင့် ကာကွယ်ဆေးထိုးနှံမှုနှုန်းသည် ၉၆ ရာခိုင်နှုန်းကျော်လွန်ခဲ့သော်လည်း ကပ်ရောဂါကာလအတွင်း ကာကွယ်ဆေးထိုးနှံမှုနှုန်းမှာ သိသိသာသာ ကျဆင်းသွားခဲ့ပြီး ကလေးအများအပြားသည် ပိုလီယို၊ ဆုံဆို့နာ၊ ဝက်သက်နှင့် ဂျိုက်သိုးစသည့် သေစေနိုင်သော ရောဂါများ၏ခြိမ်းခြောက်မှုကို ရင်ဆိုင်ခဲ့ရကြောင်း UNICEF ၏ အဆိုအရ သိရသည်။ UNICEF သည် ၂၀၂၁ ခုနှစ် မှ ၂၀၂၃ ခုနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံ၏ သုံးကြိမ်မြောက် ဖြည့်စွက်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းအတွက် ပံ့ပိုးပေးခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံ၏ ယခုအကြိမ် ကာကွယ်ဆေးထိုးနှံမှုလှုပ်ရှားမှုကို စက်တင်ဘာ ၂ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………………
(Chinese Version)
联合国儿基会向朝鲜疫苗接种活动提供支持
新华社联合国9月3日电(记者潘云召)联合国秘书长发言人迪雅里克3日说,联合国儿童基金会(儿基会)正在为朝鲜政府在全国范围内开展的多种疫苗接种活动提供支持。
迪雅里克在当天的记者会上表示,此次接种活动的对象是新冠疫情以来未能接种疫苗的超过80万名儿童和12万名孕妇。
迪雅里克说,在全球疫苗免疫联盟支持下,儿基会已协助朝鲜保健省向该国运送400多万剂疫苗,包括麻疹-风疹疫苗、破伤风-白喉疫苗、乙肝疫苗和脊髓灰质炎疫苗等。此外,儿基会还提供了新的冰柜、冰箱和其他用品以确保疫苗的有效性,超过7200名卫生工作者接受了有关疫苗接种管理和潜在疫苗反应处理方面的培训。
据儿基会消息,新冠疫情暴发前,朝鲜全国免疫接种率超过96%,但疫情期间接种率大幅下降,很多儿童面临脊髓灰质炎、白喉、麻疹、风疹等致命疾病的威胁。儿基会曾在2021年至2023年间为朝鲜的三次补种疫苗活动提供支持。朝鲜此次疫苗接种活动已于2日启动。

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.