မြန်မာ-ENG
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးတို့တွေ့ဆုံ
ဟောင်ကောင်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) အုပ်ချုပ်ရေးမှူး ဟက်ရိချိန် (Ho Iat Seng) နှင့် ဇွန် ၃၀ ရက်က ဟောင်ကောင်၌ တွေ့ဆုံခဲ့ပြီး ဗဟိုအစိုးရအနေဖြင့် ဟက်နှင့် မကာအို SAR အစိုးရအား အပြည့်အဝအသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။
တိုးတက်မှုအား ဆောင်ရွက်စဉ် တည်ငြိမ်မှုကိုလည်း ထိန်းသိမ်းရန်လိုအပ်ကြောင်း အလေးထားပြောကြားလျက် ရှီသည် ဟက်နှင့် မကာအို SAR အစိုးရအား ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကို မောပန်းခြင်းမရှိဘဲ ဆောင်ရွက်ရန်၊ ပြည်သူများ၏ လူနေမှုဘဝ အခက်အခဲများ လျော့ပါးစေရေး အပြောင်းအလဲမရှိ ထိထိရောက်ရောက် ဆောင်ရွက်ရန်၊ စီးပွားရေးနာလန်ထူမှု မြှင့်တင်ရန်၊ သင့်တင့်လျောက်ပတ်သော စီးပွားရေးအမျိုးမျိုးကို အခိုင်အမာမြှင့်တင်ရန်နှင့် မကာအိုတွင် လူမှုတည်ငြိမ်ရေး ထိန်းသိမ်းရန် ကြိုးပမ်းဆောင်ရွက်မှုတိုင်းကို ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။
သမ္မတ ရှီသည် ဇူလိုင် ၁ ရက်တွင် အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ဆဋ္ဌမအကြိမ်မြောက်အစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို တက်ရောက်ရန် ဟောင်ကောင်သို့ ဇွန် ၃၀ ရက် မွန်းလွဲပိုင်းက ရောက်ရှိလာခဲ့သည်။ ထို့နောက် ရှီသည် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအား ကြည့်ရှုစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားများအတွက် ဟောင်ကောင်တွင်ရှိနေမည်ဖြစ်သော ဟက်ရိချန်က သမ္မတ ရှီကို ၎င်းအား လက်ခံတွေ့ဆုံသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် ကဏ္ဍအသီးသီး၌ ခိုင်မာသောကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မကာအို၏ အားကောင်းသော ဖွံ့ဖြိုးတိုးတက်မှုကို အပြည့်အဝစောင့်ထိန်းသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ (Xinhua)
…………………….
(English Version)
President Xi meets chief executive of Macao SAR
Source: Xinhua
Editor: huaxia
2022-06-30 20:47:02
HONG KONG, June 30 (Xinhua) — President Xi Jinping met here Thursday with Ho Iat Seng, chief executive of the Macao Special Administrative Region (SAR), saying the central authorities fully acknowledge the work of Ho and the Macao SAR government.
Stressing the need to maintain stability while pursuing progress, Xi urged Ho and the Macao SAR government to work tirelessly on epidemic prevention and control, consistently and effectively alleviate hardship of people’s livelihood, boost economic recovery, firmly promote a moderately diversified economy, and make every effort in safeguarding social stability in Macao.
Xi arrived in Hong Kong Thursday afternoon to attend a meeting celebrating the 25th anniversary of Hong Kong’s return to the motherland and the inaugural ceremony of the sixth-term government of the Hong Kong SAR on July 1. He will also inspect the Hong Kong SAR.
Ho, also in Hong Kong for events celebrating the 25th anniversary, thanked Xi for meeting with him and vowed to make solid efforts in all aspects and resolutely safeguard the sound development of Macao. ■
Photo : Chinese President Xi Jinping meets with Chief Executive of the Macao Special Administrative Region (SAR) Ho Iat Seng, who is here for events celebrating the 25th anniversary of Hong Kong’s return to the motherland, in Hong Kong, south China, June 30, 2022. (Xinhua/Liu Bin)