China
မော်စကိုမြို့၌ ကျင်းပမည့် မဟာမျိုးချစ်စစ်အောင်ပွဲ အထိမ်းအမှတ် အခမ်းအနား တက်ရောက်ရန် ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သမ္မတရှီ ထွက်ခွာ

ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာတီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်ရန်နှင့် မော်စကိုမြို့၌ ကျင်းပမည့် ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ရန်အတွက် မေ ၇ ရက်၌ ပေကျင်းမြို့မှ ရုရှားနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
ရှီ၏ ခရီးစဉ်၌ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်နှင့် CPC ဗဟိုကော်မတီ အထွေထွေရေးရာရုံး အကြီးအကဲဖြစ်သူ ချိုက်ချီ၊ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့လည်း အတူလိုက်ပါသွားကြောင်း သိရသည်။ (Xinhua)
…………………………………………………………………………
(English Version)
Xi leaves for state visit to Russia, Great Patriotic War victory celebrations in Moscow
BEIJING, May 7 (Xinhua) — Chinese President Xi Jinping left Beijing on Wednesday for a state visit to Russia and the celebrations marking the 80th anniversary of the victory of the Soviet Union’s Great Patriotic War in Moscow, at the invitation of President Vladimir Putin of the Russian Federation.
Xi’s entourage includes Cai Qi, a member of the Standing Committee of the Political Bureau of the Communist Party of China (CPC) Central Committee and director of the General Office of the CPC Central Committee, and Wang Yi, a member of the Political Bureau of the CPC Central Committee and foreign minister.