Economy
၂၀၁၇ ခုနှစ် Fortune Global ၅၀၀ စာရင်းတွင် တရုတ် စီးပွားရေးလုပ်ငန်း ၁၁၅ ခု စာရင်းဝင်

ချုံချင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
၂၀၁၇ ခုနှစ်အတွက် ထုတ်ပြန်သည့် Fortune Global ၅၀၀ စာရင်းတွင် တရုတ် စီးပွားရေးလုပ်ငန်းများက ၁၁၅ နေရာ ပါဝင်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်၌ ထိပ်ဆုံးနေရာတွင် ရပ်တည်နေသည်မှာ အမေရိကန် လက်လီလုပ်ငန်းကြီးဖြစ်သော Wal-Mart ဖြစ်ပြီး တရုတ်နိုင်ငံပိုင် Grid က ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၁၅ ဘီလီယံဖြင့် ဒုတိယနေရာတွင် ရှိနေသလို ရေနံကုမ္ပဏီကြီးဖြစ်သော Sinopec Corp. က ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၆၈ ဘီလီယံဖြင့် တတိယနေရာတွင် အသီးသီးရှိကြောင်း သိရသည်။
ထို့ပြင် Anbang အာမခံလုပ်ငန်းအုပ်စုနှှု့် အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းကြီးဖြစ်သော အလီဘာဘာနှင့် Tencent အပါအဝင် တရုတ် စီးပွားရေးလုပ်ငန်းများက ပထမဆုံးအကြိမ်အဖြစ် အဆိုပါ စာရင်းတွင် ပါဝင်လာခဲ့သည်။ Country Garden လုပ်ငန်းမှာ တစ်ခုတည်းသော အိမ်ခြံမြေ လုပ်ငန်းအဖြစ် ပါဝင်ခဲ့သည်။
Fortune Global ၅၀၀ စာရင်းဝင်သည့် တရုတ် ကုမ္ပဏီများမှာ အင်တာနက်၊ လက်လီအရောင်းဆိုင်၊ ငွေကြေး၊ စွမ်းအင်နှင့် အိမ်ခြံမြေ စသည့် လုပ်ငန်း အများစု ဖြစ်ကြောင်း သိရသည်။ (Xinhua)