Connect with us

Economy

တရုတ်တွင် Apple က ပထမဆုံး ဒေတာစင်တာ တည်ဆောက်မည်

၂၀၁၅ ခုနှစ် ဇွန်လ ၈ ရက်က ဆန်ဖရန်စ္စကိုတွင် ပြုလုပ်သည့် Apple Worldwide Developers Conference (WWDC) သို့တက်ရောက်လာသည့် Apple ၏ အမှုဆောင်အရာရှိချုပ် Tim Cook အား တွေ့ရစဉ် (ဆင်ဟွာ)

ကွေ့ယန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

အမေရိကန် နည်းပညာ ကုမ္ပဏီကြီး တစ်ခုဖြစ်သော Apple Inc က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၌ ၎င်းတို့၏ ပထမဆုံးသော တရုတ် ဒေတာစင်တာ ဖွင့်ရန် ဆုံးဖြတ်လိုက်ကြောင်း ကုမ္ပဏီက ဇူလိုင်လ ၁၂ ရက်တွင် ကြေညာလိုက်သည်။

အမေရိကန်ဒေါ်လာ တစ် ဘီလီယံ ရင်းနှီးမြှုပ်နှံမှု စာချုပ်ဖြင့် တည်ဆောက်မည့် အဆိုပါ ဒေတာစင်တာသည် Guian New Area တွင် တည်ရှိပြီး တရုတ်နိုင်ငံ ပြည်မကြီးတွင် iCloud ဝန်ဆောင်မှုများ ပေးနိုင်ရန် စီစဉ်ထားကြောင်း သတင်းစာရှင်းလင်းပွဲတွင် ကုမ္ပဏီဘက်က ပြောကြားခဲ့သည်။

အဆိုပါ စင်တာအသစ်သည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့်သာ လည်ပတ်မည် ဖြစ်ပြီး တရုတ်နိုင်ငံ တောင်ပိုင်းတွင် အစိမ်းရောင် စင်တာ ရှေ့ပြေးစီမံကိန်း တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း Guian New Area ၏ တရားဝင် ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားချက်အရ သိရသည်။

ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုအတွက် ကွေ့ကျိုး၏ အားထုတ်လုပ်ဆောင်မှုက အံ့အားသင့်ဖွယ် ဖြစ်စေသလို ယင်း ပြည်နယ်သည် တရုတ်နိုင်ငံတွင် ဒေတာစင်တာ တည်ဆောက်ရန် အလားအလာ အကောင်းဆုံး နေရာလည်း ဖြစ်ကြောင်း Apple၏ သဘာဝပတ်ဝန်းကျင်၊ မူဝါဒနှင့် လူမှုရေး လှုပ်ရှားမှု ဒုတိယ ဥက္ကဋ္ဌ လီဆာ ဂျက်ဆင်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.