Connect with us

Economy

၂၀၁၆ ခုနှစ်အတွင်း တရုတ် ထိပ်တန်း အင်တာနက် ကုမ္ပဏီများ၏ ဝင်ငွေမှာ ယွမ် ထရီလီယံအထိ ရရှိခဲ့

တရုတ် ထိပ်တန်း အင်တာနက် ကုမ္ပဏီ Tencent ၏ လိုဂိုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်း အင်တာနက် ကုမ္ပဏီ ၁၀၀ ခု၏ ၂၀၁၆ ခုနှစ်အတွင်း ဝင်ငွေမှာ ယွမ် ၁.၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၆၀ ဘီလီယံ) ရှိခဲ့ကြောင်း သြဂုတ်လ ၃ ရက်က ထုတ်ပြန်ခဲ့သည့် တရားဝင် စာရင်းများအရ သိရသည်။

ယင်း ပမာဏသည် ပထမဆုံးအကြိမ်အဖြစ် တစ် ထရီလီယံကျော်သွားခဲ့ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဋ္ဌာန (MIIT) နှင့် အင်တာနက် အဖွဲ့အစည်းများမှ တွက်ချက်ထားသည့် စာရင်းက ဖော်ပြထားသည်။

ယင်း ကုမ္ပဏီများ၏ ပျမ်းမျှ အမြတ်များမှာ ၉.၄ ရာခိုင်နှုန်းရှိကြောင်း၊ သတင်းအချက်အလက် သုံးစွဲသူများတွင် ၈.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။

ထိပ်တန်း အင်တာနက် ကုမ္ပဏီများ စာရင်းအား ၂၀၁၃ ခုနှစ်ကစတင်၍ နှစ်စဉ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ်၏ ထိပ်တန်း အင်တာနက် ကုမ္ပဏီ ၁၀ မှာ Tencent ၊ အလီဘာဘာ၊ Baidu , JD.com, NetEase, Sina, Sohu, Meituan-Dainping, Ctrip နှင့် Quhoo 360 တို့ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က အဆိုပါ ကုမ္ပဏီ ၁၀၀ မှ သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ၌ သုံးစွဲမှု ၂၉.၇ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

Tencent နှင့် အလီဘာဘာ စသည့် ကုမ္ပဏီ နှစ်ခု၏ အမြတ်ဝင်ငွေမှာ ၇၃.၂ ရာခိုင်နှုန်း ရှိခဲ့ပြီး ထိပ်တန်း ကုမ္ပဏီ ၁၀၀ ၏ စုစုပေါင်း ဝင်ငွေ၏ ၂၈ ရာခိုင်နှုန်း ရှိသည်ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.