Connect with us

News

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ၌ တစ်ရက်အတွင်း COVID-19 ရောဂါ ဖြစ်ပွားသူ ၁၀,၇၃၂ ဦးနှင့်အတူ စတုတ္ထလှိုင်း ကြုံတွေ့နေရကြောင်း မြို့တော်ဝန်ပြောကြား

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျန်းမာရေးဝန်ထမ်း တစ်ဦးက COVID-19 ရောဂါ စစ်ဆေးရန် Swab ရယူနေစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ၌ တစ်ရက်အတွင်း COVID-19 လူနာသစ် ၁၀,၇၃၂ ဦးထိ မြင့်တက်လာခြင်းကြောင့် စတုတ္ထလှိုင်း ကြုံတွေ့နေရကြောင်း ၊ ယခင်လတွင် နေ့စဉ် အတည်ပြုလူနာ အရေအတွက်မှဦ ၂၀၀ အောက်သာရှိခဲ့သဖြင့် များစွာကွဲပြားခြားနားချက်ရှိကြောင်း နယူးဒေလီဝန်ကြီးချုပ် Arvind Kejriwal က ယနေ့ ပြောကြားခဲ့သည်။

COVID-19 ရောဂါ ပြန့်နှံမှုကို ထိန်းချုပ်ရန်အတွက် Lockdown လုပ်ဆောင်မှုအဆုံးသတ်ရင်း လူများအနေဖြင့် ကာကွယ်ဆေး သွားရောက်ထိုးနှံကြရန် နှင့် ကာကွယ်ဆေးထိုးနှံပြီးနောက် လက်ကို မကြာခဏ ဆေးကြောရန် နှင့် နှာခေါင်းစည်း တပ်ဆင်ရန်ကဲ့သို့ COVID-19 ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား လိုက်နာကြရန် ဝန်ကြီးချုပ်က မေတ္တာရပ်ခံခဲ့သည်။ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ သွားလာခြင်းများအား ရှောင်ကြဉ်သင့်ကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ရောဂါခံစားရသူ လူနာ ၆၅ ရာခိုင်နှုန်းနီးပါးသည် အသက် ၃၅ နှစ်အောက်များ ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။“ယနေ့အချိန်မှာ ကျွန်တော်တို့ဟာ ထူးခြားတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။ အခု ကျွန်တော်တို့မှာ ကာကွယ်ဆေးတွေ ရနေပါပြီ ။ အစောပိုင်း ဖြစ်ပွားခဲ့တဲ့ လှိုင်းသုံးခုနဲ့ မတူတာက အဲဒီတုန်းက ရွေးချယ်စရာ ကာကွယ်ဆေး ကျွန်တော်တို့မှာ မရှိပါဘူး ။ ဒါပေမယ့် ကာကွယ်ဆေးတွေ ရရှိနေပေမယ့် ယနေ့ လူနာသစ်အရေအတွက်က အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ လှိုင်းတွေထက် ပိုများနေပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

နယူးဒေလီဝန်ကြီးချုပ် Arvind Kejriwal က ပြည်သူများအား ကာကွယ်ဆေးထိုးနှံမှုအား အလေးအနက်ထားရန် မေတ္တာရပ်ခံခဲ့သည်။ “ကျွန်တော်အနေနဲ့ ဗဟိုအစိုးရကို ကာကွယ်ဆေးဆိုင်ရာ ကန့်သတ်ချက်တွေကို အလုံးစုံ ခြွင်းချက်မရှိ ဖယ်ရှားဖို့ မေတ္တာရပ်ခံပါတယ်။ကာကွယ်ဆေးကို လူတစ်ဦးချင်းကအစ လူသားအားလုံးထိုးပေးဖို့ပေါ့။ ကပ်ရောဂါအတွက် ကာကွယ်ဆေးထိုးနှံမှုက တစ်ခုတည်းသော ကုသနည်းဖြစ်ပါတယ်။”ဟု မြို့တော်ဝန်က ထည့်သွင်းပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ၌ တစ်အိမ်တက်ဆင်း ကာကွယ်ဆေး ထိုးနှံမှု ဆောင်ရွက်ခြင်းအား လုပ်ဆောင်ရန် ၎င်း၏ အစိုးရအနေဖြင့် အဆင်သင့်ရှိကြောင်း ဝန်ကြီးချုပ် ဆက်လက်ပြောကြားခဲ့သည်။
ယခုအချိန်ထိ နယူးဒေလီမြို့၌ COVID-19 ကပ်ရောဂါကြောင့် ပြည်သူ ၁၁,၂၃၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အစိုးရ နှင့် ပုဂ္ဂလိက နှစ်ခုလုံးရှိ ဆေးရုံများ၌ ကုတင်အရေအတွက်မှာ အလုံအလောက်ရှိကြောင်း ၎င်းက အခိုင်အမာ ပြောကြားခဲ့ပြီး COVID-19 ရောဂါလက္ခဏာ ဆိုးဆိုးရွားရွား မရှိသော ပြည်သူများအနေဖြင့် ဆေးရုံသို့ သွားမည့်အစား ၎င်းတို့ကိုယ်တိုင်အိမ်၌တွင်သာ Quarantine ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————————————-
(English Version

Indian capital witnesses 4th wave with 10,732 daily COVID-19 cases: chief minister
NEW DELHI, April 11 (Xinhua) — The Indian capital of New Delhi is witnessing its fourth COVID-19 wave as a single-day spike of 10,732 new COVID-19 cases was seen, in contrast to last month when less than 200 cases were being reported every day, said the national capital’s Chief Minister Arvind Kejriwal on Sunday.
Ruling out the option of lockdown to contain the COVID-19 spread, the minister appealed to the people at large to go for vaccination, and follow COVID-19 protocols like wearing masks and washing hands regularly even after taking vaccine jabs.
People should also avoid unnecessary travel out of their homes, he added.
According to him, nearly 65 percent of the patients suffering from the pandemic were aged less than 35 years.
“Today, we are facing a strange situation. Now we have vaccines available, unlike in the earlier three waves when we didn’t have the option of vaccines. But, despite the availability of vaccines, the number of new cases today is even more than during the earlier waves,” he said.
Kejriwal appealed to the people of Delhi to take vaccination seriously. “I appeal to the federal government to remove all conditions regarding vaccination. Let the vaccines be given to one and all. Vaccination seems to be the only cure for this pandemic,” added the chief minister.
He went on to say that his government was ready to carry out a door-to-door COVID-19 vaccination drive in the national capital.
So far as many as 11,235 people have died in the national capital due to COVID-19.
The chief assured that there were an adequate number of beds in hospitals, both private and government, and that people having less severe COVID-19 symptoms should home quarantine themselves instead of going to hospitals. Enditem