Connect with us

Culture

“အပြည်ပြည်ဆိုင်ရာ ကွန်ဖြူးရှပ်ကျောင်းနေ”့ ပွဲတော် ကျင်းပ

"အပြည်ပြည်ဆိုင်ရာ ကွန်ဖြူးရှပ်ကျောင်းနေ့" အထိမ်းအမှတ် အခမ်းအနား ကို မန္တလေးတိုင်းဒေသကြီး ရှိ ဖူချင့် ကွန်ဖြူးရှပ်စင်တာ၌ ကျင်းပနေစဉ် (ဆင်ဟွာ)

မန္တလေး၊ စက်တင်ဘာလ ၂၄ ရက် (ဆင်ဟွာ)

“အပြည်ပြည်ဆိုင်ရာ ကွန်ဖြူးရှပ်ကျောင်းနေ့” အထိမ်းအမှတ် အခမ်းအနား ကို ယနေ့ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရှိ ဖူချင့် ကွန်ဖြူးရှပ်စင်တာ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ယူနန် တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် Mr. Zhang Li၊ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် Mr. Wang Zongying ၊ မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးပိုမြင့် နှင့် မန္တလေး တိုင်းဒေသကြီး ဘာသာပေါင်းစုံ ညီညွတ်ရေး အသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်း တို့ တက်ရောက်ခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ ကွန်ဖြူးရှပ်ကျောင်းနေ့အထိမ်းအမှတ် အခမ်းအနားတွင် ယူနန် တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် Mr. Zhang Li မှ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ဖွင့်ပွဲအခမ်းအနား၌ ယူနန် တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် Mr. Zhang Li မှ မိန့်ခွန်းပြောကြားရာတွင် တရုတ်-မြန်မာ ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေး၊ မြန်မာပြည်သူများ တရုတ်ဘာသာစကားကို သင်ယူပြီး တရုတ် ယဉ်ကျေးမှုကို ပိုမိုနားလည်နိုင်ရေးနှင့် တရုတ်နိုင်ငံသို့ ပိုမို သွားရောက်လေ့လာနိုင်ရေး တို့ကို ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပြီး ဖူချင့်ကွန်ဖြူးရှပ် စင်တာအား ပညာရပ်ဆိုင်ရာ သုတေသန ဗဟိုဌာန နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်ကြားေရေး စင်တာ တစ်ခု ဖြစ်လာစေရန် ပိုမိုကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ကွန်ဖြူးရှပ်ကျောင်းနေ့အထိမ်းအမှတ် အခမ်းအနားတွင် မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် Mr. Wang Zongying မှ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် Mr. Wang Zongying မှလည်း တရုတ် ဆရာ၊ ဆရာမ များအနေဖြင့်လည်း တရုတ်ဘာသာလေ့လာသူ ဒေသခံ ကျောင်းသူ၊ ကျောင်းသားများအတွက် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ပညာရေးနှင့် အလုပ်အကိုင်ရရှိရေးတို့ကို အလေးပေး ဆောင်ရွက်ရန်နှင့် ဖူချင့်ကွန်ဖြူးရှပ် စင်တာအနေဖြင့်လည်း တရုတ်-မြန်မာ နှစ်နိုင်ငံ နိုင်ငံအချင်းချင်း ချစ်ကြည်ရေး၊ ပြည်သူအချင်းချင်း ချစ်ကြည်ရေး တရုတ် စာပေ နှင့်ယဉ်ကျေးမှု နိုင်ငံတကာသို့ ပြန့်ပွားရေးတို့ကို ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းအားပေးခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ကွန်ဖြူးရှပ်ကျောင်းနေ့အထိမ်းအမှတ် အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး မြန်မာတရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးပိုမြင့် မှ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးပိုမြင့် မှလည်း အပြည်ပြည်ဆိုင်ရာ ကွန်ဖြူးရှပ်ကျောင်းနေ့ အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့်လည်း ဘာသာစကားအသစ်တစ်ခုကို လေ့လာခွင့်ရပြီး မိမိတို့ယဉ်ကျေးမှုကို ထိန်းသိမ်းလိုသော ဆန္ဒများ ပေါ်ပေါက်လာနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ကွန်ဖြူးရှပ်ကျောင်းနေ့အထိမ်းအမှတ် အခမ်းအနား ကို မန္တလေးတိုင်းဒေသကြီး ရှိ ဖူချင့် ကွန်ဖြူးရှပ်စင်တာ၌ ကျင်းပနေစဉ် (ဆင်ဟွာ)

အဆိုပါ အခမ်းအနားအား မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း နှင့် ဖူချင့် ကွန်ဖြူးရှပ်စင်တာ တို့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အခမ်းအနားတွင် တရုတ်ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များ အဖြစ် စာပေ ဘာသာစကား၊ စားသောက်ဖွယ်ရာ၊ စာပို့ချသင်တန်း၊ ပြပွဲစသည်ဖြင့် အမျိုးအစား(၄) မျိုးခွဲ၍ တင်ဆက် ပြသခဲ့ပြီး တရုတ်ဘာသာစကား လေ့လာသူ ကျောင်းသူ၊ ကျောင်းသား၊ ကိုရင် နှင့် သီလရှင်ငယ်လေးများ အပါအဝင် စုစုပေါင်း ဦးရေ (၅၀၀) နီးပါး ပါဝင် ဆင်နွှဲခဲ့ကြသည်။

“အပြည်ပြည်ဆိုင်ရာ ကွန်ဖြူးရှပ်ကျောင်းနေ့” သည် ကွန်ဖြူးရှပ်ကျောင်း ထူထောင်သည့်နှစ် (၁၀) နှစ်ပြည့်တွင် စတင်ပေါ်ပေါက်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှ စ၍ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့သည်။ ထိုနေ့တွင် နိုင်ငံအသီးသီးရှိ ကွန်ဖြူးရှပ် ကျောင်းများနှင့် ကွန်ဖြူးရှပ်သင်တန်းတို့မှ တရုတ်စာပေဘာသာစကားနှင့် ယဉ်ကျေးမှု နှင့် သက်ဆိုင်သည့် အစီအစဉ်များကို ကျင်းပပြုလုပ်လေ့ရှိသည်။ (Xinhua)