Connect with us

Asia

ပုဆိန်ဖြင့် ခုတ်သတ်မှုကြောင့် ဗီယက်နမ် မိသားဝင် လေးဦး သေဆုံး

ဗီယက်နမ်နိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဟနွိုင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Ha Giang ပြည်နယ်တွင် နေထိုင်သည့် ဒေသခံ တစ်ဦးက မိသားစု တစ်စုဝင် လူလေးဦးအား ပုဆိန်ဖြင့် ခုတ်သတ်ခဲ့ကြောင်း ဒေသခံ မီဒီယာများက သတင်းတင်ပြထားသည်။

၎င်းသည် ယခင်က Ha Giang ပြည်နယ်ရှိ ပြန်လည်ထူထောင်ရေး စင်တာ၌ တက်ရောက်ကုသခဲ့ဖူးသူဖြစ်ပြီး မိသားစုဝင်များ ဖြစ်သည့် အသက် ၅၉ နှစ်နှင့် အသက် ၅၁ နှစ်အရွယ် ဇနီးမောင်နှံ နှစ်ဦး၊ အသက် ၂၃ နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် အသက် ၂ နှစ်အရွယ် မိန်းကလေး တစ်ဦးတို့အား ပုဆိန်ဖြင့် ခုတ်သတ်ခဲ့ကြောင်း၊ ယင်းမိသားစုထဲကပင် အသက် ၂၆ နှစ်အရွယ် အမျိုးသား တစ်ဦးလည်း ဒဏ်ရာ ရရှိခဲ့ကြောင်း Phap Luat (Law) Plus သတင်းထုတ်ပြန်ခဲ့သည်။

ယင်း လူသတ်မှုအား ဒေသခံ ရဲတပ်ဖွဲ့က စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.