Connect with us

Asia

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမည်ဖြင့် စင်ကာပူနိုင်ငံက သစ်ခွပန်းတစ်မျိုး အမည်ပေးဂုဏ်ပြု

စင်ကာပူနိုင်ငံ၌ မိန့် ခွန်းပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည် အားတွေ့ ရစဉ်(ဆင်ဟွာ)

စင်ကာပူ ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၁ ရက်က စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Vivian Balakrishnan နှင့်အတူ စင်ကာပူနိုင်ငံ ရုက္ခဗေဒဥယျာဉ်သို့သွားရောက်လည်ပတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသောအားဖြင့် စင်ကာပူနိုင်ငံရှိ သစ်ခွပန်း စပ်မျိုးတစ်ခုကို Papilionanda Aung San Suu Kyi ဟူ၍ အမည်ပေးခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန(MFA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည်စင်ကာပူနိုင်ငံသမ္မတ J Y Pillay နှင့်လည်း ဒီဇင်ဘာလ ၁ ရက် နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း MFA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုသို့တွေ့ဆုံစဉ် အလုပ်အကိုင်ဖန်တီးမှု ၊ အခြေခံအဆောက်အအုံ ၊ လျှပ်စစ်ဓာတ်အား နှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

စင်ကာပူနိုင်ငံဝါရင့်ဝန်ကြီး ဂိုချောက်တောင် နှင့် ဒုတိယဝန်ကြီးချုပ် Teo Chee Hean တို့နှစ်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည်အား နံနက်စာ ၊ နေ့လည်စာများဖြင့် ဂုဏ်ပြုတည့်ခင်း ဧည့်ခံကြောင်း သိရသည်။

စင်ကာပူနိုင်ငံ ဝါရင့်ဝန်ကြီး ဂိုချောက်တောင် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မြန်မာနိုင်ငံ၏ စီးပွားရေး နှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စင်ကာပူစီးပွားရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်နိုင်မှုအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

နေ့လည်စာသုံးနေစဉ်အတွင်း စင်ကာပူဒုတိယဝန်ကြီးချုပ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် လုံခြုံရေး နှင့် လူမှုရေးတွင် ပညာရေးကဏ္ဍ အရေးကြီးပုံ နှင့် လူငယ်များအတွက် မှန်ကန်သော ကျွမ်းကျင်အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း MFA က ဆိုသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သူ စင်ကာပူနိုင်ငံ၏ အကျင့်ပျက်ခြစားမှု စုံစမ်းထောက်လှမ်းရေးဗျူရိုသို့သွားရောက်လည်ပတ်ခဲ့သေးကြောင်း MFA ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဒီဇင်ဘာလ ၁ ရက် ညနေပိုင်းတွင် စင်ကာပူနိုင်ငံဝန်ကြီးချုပ်လီရှန်လွန်း နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် အာရှလူသားမျိုးနွယ်စုများဖြစ်ပေါ်တိုးတက်လာပုံပြတိုက် ၌ ပြုလုပ်သည့် “Cities and Kings: Ancient Treasures from Myanmar” ပြပွဲသို့အတူတကွတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း MFA က ဖြည့်စွက်ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၃ဝ ရက်မှ ဒီဇင်ဘာလ ၂ ရက်ထိ စင်ကာပူနိုင်ငံသို့တရားဝင်ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်သွားရောက်နေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.