ပေကျင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ) “စစ်ပွဲနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ဥရောပတိုက်မှာ ဒုက္ခသည်များစွာတိုးပွားစေတဲ့အပြင်၊ ငွေကြေးဆုံးရှုံးမှုနဲ့ လောင်စာဆီပြတ်လပ်မှုများ ကြုံရလင့်ကစား အမေရိကန်နိုင်ငံအတွက် အကျိုးအမြတ်တွေနဲ့ ဝင်ငွေအမြောက်အမြားရရှိစေခဲ့တယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက ဆိုသည်။ ကျောက်လီကျန်းက “ရုရှားနိုင်ငံ နဲ့ ယူကရိန်းနိုင်ငံအကြားပဋိပက္ခတွေ စတင်ဖြစ်ပွားကတည်းက အမေရိကန်...
ဟောင်ကောင်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) တရုတ်ဗဟို အစိုးရ၏ အထောက်အပံ့ဖြင့်တည်ဆောက်သည့် အရေးပေါ်ဆေးရုံစီမံကိန်း ပထမအဆင့်တည်ဆောက်ရေးအတွက် လိုအပ်သည့်ပစ္စည်းကိရိယာများအား ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ သက်ဆိုင်ရာဌာနများထံသို့ ဧပြီ ၇ ရက်က လွှဲပြောင်းပေးအပ်ခဲ့သည်။
ရှန်ဟိုင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ကိုဗစ်-၁၉ (COVID-19) ရောဂါကုသရေးအတွက် ကုတင် ၆၀၀ ကျော်ဖြင့် ယာယီဆေးရုံ ၁၀၀ ကျော် တည်ဆောက်လျက်ရှိကြောင်း ရှန်ဟိုင်းမြူနီစီပယ် အစိုးရက ဧပြီ ၉ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ သတ္တုသူခိုးများက စွန့်ပစ်ထားသည့် ပေ ၆၀ ရှည်လျားသော သံမဏိတံတားတစ်စင်းကို အပိုင်းပိုင်းဖြတ်၍ ခိုးယူသွားကြောင်း တာဝန်ရှိသူများက ဧပြီ ၉ ရက်တွင်ပြောသည်။
ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ရွှေတိဂုံစေတီတော်ကို သင်္ကြန်ရုံးပိတ်ရက်များဖြစ်သော ဧပြီ၉ ရက်မှ ဧပြီ ၁၇ ရက်အထိ ပုံမှန်ဖွင့်ချိန်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ ယနေ့ ဧပြီ ၉ ရက်တွင်ပြောသည်။