Media2 hours ago
အင်းဆက်ပိုးများ၏ လှုပ်ရှားသွားလာပုံကို စိတ်ကူးစိတ်သန်းယူ၍ ဖန်တီးထားသည့် တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသတွင်း ဓာတ်သတ္တုတူးဖော်ရေးစက်ရုပ်ကို မိတ်ဆက်ပြသ
တရုတ်ဓာတ်သတ္တုတူးဖော်ရေးနှင့် နည်းပညာတက္ကသိုလ်က တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသတွင်း ဓာတ်သတ္တုတူးဖော်ရေးစက်ရုပ်အား မိတ်ဆက်ပြသခဲ့သည်။ အင်းဆက်ပိုးများ၏ လှုပ်ရှားသွားလာပုံကို စိတ်ကူးစိတ်သန်းယူ၍ ဖန်တီးထားသည့် ခြေထောက်ခြောက်ချောင်းပါသော ယင်းစက်ရုပ်အား အလွန်အားပျော့သော ဒြပ်ဆွဲအား အဟန့်အတားများကို ကျော်လွှားနိုင်ရန် ဒီဇိုင်းဖန်တီးထားခြင်းဖြစ်ကာ အနာဂတ်ကာလတွင် နဂါးငွေ့တန်းကြယ်စုရှိ ကြယ်များကြား ဓာတ်သတ္တုတူးဖော်မှုများအတွက် လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua) ………………....