ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ကိုရိုနာဗိုင်းရပ်စ် ဇစ်မြစ် လေ့လာမှုဆိုင်ရာ နိုင်ငံတကာ သုတေသန ပညာရှင်အဖွဲ့ သည် ဇန်နဝါရီ ၁၄ ရက်တွင် တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင် ဝဘ်ဆိုက်၏ ယနေ့(ဇန်နဝါရီ ၁၁ ရက်)ထုတ်ပြန်ချက်များအရ သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် COVID-19 ဗိုင်းရပ်စ်၏ မူလအရင်းအမြစ်ကို ခြေရာခံရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ကျွမ်းကျင်ပညာရှင်၏ တရုတ်နိုင်ငံခရီးစဉ်အပေါ် တရုတ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်ပြီး ကောင်းမွန်သောသဘောထားဖြင့် တရုတ်နိုင်ငံက WHO နှင့် အနီးကပ်ဆက်ဆံရေးကို ထိန်းသိမ်းထားလျက်ရှိကြောင်း...
ဘန်ကောက်၊ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံ Sinovac Biotech ကုမ္ပဏီမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ၂ သန်းကို ဝယ်ယူသွားရန် ထိုင်းနိုင်ငံက ရည်မှန်းထားကြောင်း ထိုင်းနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရုံးက ဇန်နဝါရီ ၃ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ဂျီနီဗာ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နောက်ဆုံးရကိန်းဂဏန်းများအရ နိုဝင်ဘာ ၂၆ ရက် ဂရင်းနစ်စံတော်ချိန် နေ့လယ် ၁၇:၃၈ နာရီအထိ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက် သန်း ၆၀ ကျော်လွန်သွားပြီဖြစ်ကာ...
ဂျီနီဗာ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး COVID-19 ကပ်ရောဂါ ကာလတွင် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ တုတ်ကွေးရောဂါ ဖြစ်ပွားမှုအန္တရာယ်ကို ပို၍ ဂရုစိုက် သတိထားသင့်ကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် တုပ်ကွေးရောဂါ စောင့်ကြည့်စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်ကြရန် တိုက်တွန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ပညာရှင်များက နိုဝင်ဘာ ၂ ရက်တွင် အလေးထား...
ဂျီနီဗာ ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ် (Tedros Adhanom Ghebreyesus) က လက်ရှိချိန်တွင် တစ်ကမ္ဘာလုံး အထူးသဖြင့် ကမ္ဘာ့မြောက်ဘက်ခြမ်းရှိ နိုင်ငံများ၌ COVID-19 ကပ်ရောဂါက အရေးကြီးသည့်အချိန်ကာလတွင်ရောက်ရှိနေပြီး ရှေ့လာမည့်လများတွင် လွန်စွာခက်ခဲမည်ဖြစ်ကြောင်း အောက်တိုဘာ...
ဂျီနီဗာ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) COVID-19 လူနာများကို ကုသသော ဆေးဝါးလေးမျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ပူးပေါင်းဆောင်ရွက်သော နိုင်ငံတကာစမ်းသပ်မှုတစ်ခုမှ နောက်ဆုံးထုတ်ပြန်လိုက်သော ရလဒ်များအရ အဆိုပါ ဆေးဝါးများမှာ COVID-19 ကြောင့် သေဆုံးမှုကို ကာကွယ်ခြင်း သို့မဟုတ် ဆေးရုံတက်ချိန်လျှော့ချခြင်းများတွင် ထိရောက်မှု “အနည်းငယ်ရှိ...
ဂျီနီဗာ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ကမ္ဘာတစ်ဝန်းတွင် စက်တင်ဘာ ၂၉ ရက်အထိ COVID-19 ရောဂါကြောင့်သေဆုံးသူ အရေအတွက် တစ်သန်းကျော်လွန်သွားပြီဖြစ်ကာ ၁,၀၀၀,၀၄၀ ဦးအထိရောက်ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နောက်ဆုံးရကိန်းဂဏန်းများအရ သိရသည်။
ဝါရှင်တန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အတွက် ထည့်ဝင်ထားသော ရန်ပုံငွေကို အခြား ကုလသမဂ္ဂအတွက် ထည့်ဝင်ငွေများအဖြစ် ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ပြီး ယင်းအဖွဲ့၌ အမေရိကန် ပါဝင်မှုကို လျှော့ချသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
ဂျီနီဗာ၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) COVID-19 ကပ်ရောဂါဖြစ်ပွားမှုသည် အချိန်ကာလအားဖြင့် နှစ်နှစ်အောက် ကြာမြင့်နိုင်မည်ဟု မျှော်လင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က ဩဂုတ် ၂၁ ရက်တွင် ပြောကြားလိုက်သည်။