North America
ထိန်းသိမ်းထားသူများကို ဟားမက်စ် ပြန်မလွှတ်လျှင် အပစ်ရပ်ရေး သဘောတူညီချက်ကို ဖျက်သိမ်းသင့်သည်ဟု ထရမ့်ဆို
![](https://xinhuamyanmar.com/wp-content/uploads/2025/02/11k01.jpg)
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) အနေဖြင့် ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်ပိုင်းမတိုင်မီ ထိန်းသိမ်းခံထားရသူ အားလုံးကို ပြန်လွှတ်ပေးသင့်ကြောင်း၊ သို့မဟုတ်ပါက ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်ကို ဖျက်သိမ်းသင့်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
“ကျွန်တော့်အတွက် ပြောရမယ်ဆိုရင် ထိန်းသိမ်းခံထားရသူတွေ အားလုံး ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ် ၁၂ နာရီ မတိုင်မီ မလွတ်မြောက်ခဲ့ဘူးဆိုရင်… ဒါ (ဂါဇာအပစ်ရပ်ရေးသဘောတူညီချက်) ကို ဖျက်သိမ်းပြီး… ဆိုးရွားတဲ့ကိစ္စ အားလုံး ဖြစ်ပါလေ့စေပေါ့” ဟု ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ နောက်ဆုံး အစ္စရေးဘက်ကပင် အဆုံးအဖြတ်လုပ်ရမှာ ဖြစ်ကြောင်း တစ်ချိန်တည်းတွင် ၎င်းက ပြောကြားခဲ့သည်။
အပစ်ရပ်ရေးသဘောတူညီချက်ကို အစ္စရေး ချိုးဖောက်သည်ဟု အပြစ်တင် စွပ်စွဲကာ မူလက ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအား ပြန်လွှတ်ပေးမည့် အစီအစဉ်ကို ရွှေ့ဆိုင်းမည် ဖြစ်ကြောင်း ဟားမက်စ်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာခဲ့သည်။
ထရမ့်က အကယ်၍ ဂါဇာကမ်းမြောင်မှ ရွှေ့ပြောင်းလာသည့် ပါလက်စတိုင်းသားများကို ဂျော်ဒန်နှင့် အီဂျစ် နိုင်ငံတို့က လက်မခံလျှင် ၎င်းအနေဖြင့် ယင်းနှစ်နိုင်ငံအပေါ် ကူညီပံ့ပိုးမှုများ ယာယီရပ်တန့်နိုင်သည်ဟု ပြောကြားခဲ့ပေသေးသည်။ ထရမ့်အနေဖြင့် အမေရိကန်သို့ လာရောက်လည်ပတ်မည့် ဂျော်ဒန်ဘုရင် Abdullah II နှင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသည်။
Fox News ချန်နယ်၏ ဖေဖော်ဝါရီ ၁၀ ရက် ထုတ်လွှင့်သည့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ထရမ့်က ၎င်းအနေဖြင့် ပါလက်စတိုင်းသားများအား လက်ခံရေးတွင် ဂျော်ဒန်၊ အီဂျစ် တို့နှင့် သဘောတူညီချက်ရမည် ဟု ယူဆကြောင်း ပြောကြားခဲ့သည်။ ပါလက်စတိုင်းသားများအနေဖြင့် ဂါဇာကမ်းမြောင်ဒေသသို့ ပြန်သွားပိုင်ခွင့် ရှိမရှိကို သတင်းထောက်က မေးမြန်းရာတွင် ထရမ့်က “မရှိဘူး၊ သူတို့ လုပ်မှာမဟုတ်ပါဘူး” ထရမ့်က ပြန်လည် ဖြေကြားခဲ့သည်။
အမေရိကန်အနေဖြင့် ဂါဇာကမ်းမြောင်ကို “လက်လွှဲယူ” ပြီး “ရေရှည် ပိုင်ဆိုင်” သွားရန် မျှော်လင့်ကြောင်း၊ လက်ရှိ ဂါဇာတွင် နေထိုင်သည့် ပါလက်စတိုင်းသားများကို အခြားနိုင်ငံတွင် နေရာချထားပေးသင့်ကြောင်း ထရမ့်က ဖေဖော်ဝါရီ ၄ ရက်တွင် ဖော်ပြထားသည်။ ပါလက်စတိုင်းနှင့် နိုင်ငံတကာအသိုက်အဝန်းက ယင်းပြောဆိုချက်အပေါ် အပြင်းအထန် ကန့်ကွက်အပြစ်တင်ခဲ့ကြပြီး ၎င်းမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး “လက်ခံနိုင်ဖွယ် မရှိ” ဟု ယူဆကြသည်။
အစ္စရေးနှင့် ဟားမက်စ်တို့သည် ဇန်နဝါရီ ၁၅ ရက်တွင် ဂါဇာကမ်းမြောင် အပစ်ရပ်ရေး သဘောတူညီချက် ရရှိပြီး ဇန်နဝါရီ ၁၉ ရက်တွင် သဘောတူညီချက် အသက်ဝင်ခဲ့ခြင်းဖြစ်သည်။ အပစ်ရပ်ရေး ပထမအဆင့်ကို ရက်သတ္တပတ် ၆ ပတ် ဆက်တိုက် ဆောင်ရွက်ရာ နှစ်ဖက်အနေဖြင့် ၎င်းတို့ကိုယ်စီ ဖမ်းဆီးထိန်းသိမ်းထားသူများအနက် အချို့ကို ပြန်လွှတ်ပေးသွားမည်ဖြစ်သည်။ ဖေဖော်ဝါရီ ၈ ရက်တွင် ဟားမက်စ်နှင့် အစ္စရေးတို့သည် ဖမ်းဆီးထိန်းသိမ်းခံရသူများ ပဉ္စအသုတ် အပြန်အလှန်လဲလှယ်မှု ပြီးစီးခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
特朗普:哈马斯不放人就应取消停火协议
新华社华盛顿2月10日电 美国总统特朗普10日说,巴勒斯坦伊斯兰抵抗运动(哈马斯)应在15日中午前释放所有被扣押人员,否则应取消加沙停火协议。
特朗普在白宫告诉媒体记者:“就我而言,如果所有被扣押人员不能在15日中午12点前获释……我会说,取消它(加沙停火协议)……让所有坏事发生。”他同时表示,最终还是要由以色列方面来决定。
哈马斯10日宣布推迟原定15日进行的释放被扣押人员活动,指责以色列违反停火协议。
特朗普还表示,如果约旦和埃及不接收从加沙地带迁出的巴勒斯坦人,他可能暂停对两国的援助。特朗普定于11日会见到访的约旦国王阿卜杜拉二世。
在福克斯新闻频道10日播出的另一段采访中,特朗普说,他认为能够与约旦和埃及就接收巴勒斯坦人达成协议。当记者提问巴勒斯坦人是否有权返回加沙地带,特朗普回答:“不,他们不会。”
特朗普4日表示,希望美国“接管”并“长期拥有”加沙地带,而目前居住在加沙地带的巴勒斯坦人应被迁往别国安置。巴勒斯坦方面和国际社会强烈反对和谴责这番言论,认为其违反国际法,“不可接受”。
1月15日,以色列与哈马斯就加沙地带停火达成协议。协议于1月19日生效。停火第一阶段持续6周,其间双方交换各自扣押的部分对方人员。2月8日,哈马斯与以色列完成第五批被扣押人员交换。(完)
1. 2月7日,美国总统特朗普在华盛顿白宫出席记者会。新华社记者 胡友松 摄