Connect with us

International Organizations

BRICS နိုင်ငံများက နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးယန္တရားကို စုပေါင်းအင်အားဖြင့် တက်ကြွစွာ တည်ဆောက်လျက်ရှိဟု ဘရာဇီးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆို

ရီယိုဒီဂျနေရိုး၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

လက်ရှိ အန္တရာယ် အကျပ်အတည်းများရောယှက်နေသည့် နိုင်ငံတကာအခြေအနေအား ရင်ဆိုင်ရာတွင် BRICS နိုင်ငံများက စုပေါင်းအင်အားအဖြစ် ဖြစ်တည်လာကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးယန္တရားကို တက်တက်ကြွကြွ တည်ဆောက်လျက်ရှိကြောင်း၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်သည့် အရေးကြီးအချက်ဖြစ်ကြောင်း ဘရာဇီးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mauro Vieira က ဧပြီ ၂၈ ရက်တွင် ကျင်းပသည့် BRICS နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများ တိုးချဲ့ပြီးနောက် BRICS နိုင်ငံများ၏ လူဦးရေသည် တစ်ကမ္ဘာလုံး လူဦးရေ၏ တစ်ဝက်နီးပါး ရှိလာပြီဖြစ်ကြောင်း၊ BRICS ယန္တရားသည် တွေ့ဆုံဆွေးနွေးမှုမြှင့်တင်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု လက်တွေ့ဖော်ဆောင်ရေးနှင့် နိုင်ငံတကာဥပဒေအား လေးစားရေး နယ်ပယ်များတွင် ပိုမိုအဆုံးအဖြတ်ပေးနိုင်သည့် အခန်းကဏ္ဍမှပါဝင်ကြောင်း Mauro Vieira က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ပထဝီ၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေး အမျိုးစုံလင်မှုဟာ အားသာချက်တစ်မျိုးဖြစ်လို့ ကျွန်တော်တို့က ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို အားလုံး ပိုမိုပါဝင်ပြီး ပိုမိုကိုယ်စားပြုနိုင်တဲ့ ရှုထောင့်ကနေ ရင်ဆိုင်လာနိုင်စေပါတယ်” ဟုလည်း ၎င်းကဆိုသည်။
BRICS နိုင်ငံများ၏ မျှော်မှန်းချက်သည် ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး အတိုက်အခံပြုလုပ်ရန်မဟုတ်ကြောင်း၊ “ကျွန်တော်တို့က ကိုယ်တိုင်စံနမူနာအဖြစ် လုပ်ဆောင်ပြီး ဗဟုဝင်ရိုးကမ္ဘာကြီးတစ်ခုအား ကြိုးပမ်းတည်ဆောက်ကာ လုံခြုံရေးကို လူနည်းစုရဲ့ အထူးခံစားခွင့်မဟုတ်ဘဲ လူအားလုံးရဲ့ လုပ်ပိုင်ခွင့်ဖြစ်အောင် လုပ်ရမှာဖြစ်ပါတယ်” ဟု Mauro Vieira က အလေးထား ပြောကြားခဲ့သည်။

Mauro Vieira က မိန့်ခွန်းပြောကြားရာတွင် အစ္စရေးစစ်တပ်က ဂါဇာဒေသမှ ဘက်စုံဆုတ်ခွာရန်၊ နိုင်ငံရေးနည်းလမ်းဖြင့် ယူကရိန်းအကျပ်အတည်းအား ဖြေရှင်းရန်လည်း တိုက်တွန်းခဲ့သည်။

ထိုနေ့တွင် အစည်းအဝေးတက်ရောက်သူ ကိုယ်စားလှယ်များက တစ်ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း အကျပ်အတည်းအား ရင်ဆိုင်ရေး၊ နိုင်ငံတကာအဖွဲ့အစည်းအား ပြုပြင်ပြောင်းလဲကာ အားလုံးပါဝင်နိုင်၍ စဉ်ဆက်မပြတ်ရှိသော ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု ဖော်ဆောင်ရေး၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများက နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒအား မြှင့်တင်ဖော်ဆောင်ရာတွင် အခန်းကဏ္ဍ ဟူသည့် ခေါင်းစဉ်ကြီး သုံးခုနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြကြောင်းလည်း သိရသည်။ (Xinhua)

———————
(Chinese Version)
巴西外长:金砖国家正合力积极构建多边机制
新华社里约热内卢4月28日电(记者赵焱 陈威华)巴西外交部长维埃拉28日在金砖国家外长会晤开幕式上表示,面对当今危机交织的国际形势,金砖国家正形成合力,积极构建多边机制,多边合作是促进世界和平与发展的关键。
维埃拉表示,扩员后的金砖国家人口已经接近全球人口的一半,金砖机制在促进对话、践行可持续发展和尊重国际法方面的作用更具决定性。他说:“我们的地理、文化和政治多样性是一种优势,使我们能够从更加包容和有代表性的角度应对全球挑战。”
维埃拉强调,金砖国家的愿景是合作而非对抗,“我们必须以身作则,致力于建立一个多极世界,让安全成为所有人的权利,而不是少数人的特权”。
维埃拉在发言中呼吁以色列军队从加沙全面撤军;通过政治手段解决乌克兰危机。
当天,与会代表围绕应对全球和区域危机,改革国际机构、实现更具包容性和可持续性的全球治理,以及全球南方在加强多边主义中的作用三大主题进行了讨论。(完)