Connect with us

China

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် rough-toothed လင်းပိုင်အား ပင်လယ်ထဲ အောင်မြင်စွာ ပြန်လွှတ်ခဲ့

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်းရမြို့၌ ကူညီကယ်ဆယ်ရေးဝန်ထမ်းများက သင်္ဘောပေါ်တွင် rough-toothed လင်းပိုင် “ယန်ယန်” အား ဇွန် ၈ ရက်က စောင့်ရှောက်နေစဉ် (ဆင်ဟွာ)

ဆန်းရ (ဟိုင်နန်)၊ ဇွန် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်းရမြို့၌ ကယ်ဆယ်ခံရသည့် rough-toothed လင်းပိုင် “ယန်ယန်” ကို ဇွန် ၈ ရက်က ပင်လယ်ထဲသို့ အောင်မြင်စွာ ပြန်လွှတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ rough-toothed လင်းပိုင်သည် ဧပြီ ၂၄ ရက်က ဟိုင်နန်ပြည်နယ် ဆန်းရမြို့ ရာလုံပင်လယ်ကွေ့ ချင်းမေဆိပ်ကမ်းတွင် ကံမကောင်းစွာဖြင့် သောင်တင်ခဲ့သည်။ ထို့နောက် ဘက်ပေါင်းစုံအင်အားများက ကယ်ဆယ်ရေး လှုပ်ရှားမှုများ လျင်မြန်စွာ လုပ်ဆောင်ခဲ့ပြီးနောက် ထိုလင်းပိုင်ကို ဇီဝထိန်းသိမ်းရေးစင်တာသို့ ပို့ဆောင်ကာ ကျွမ်းကျင်သော ကုသမှုနှင့် ပြုစုမှုများ လုပ်ဆောင်ခဲ့သည်။

တစ်လကျော်ကြာ အသေးစိတ်ပြုစုစောင့်ရှောက်ပြီးနောက် “ယန်ယန်” သည် ပြန်လည်ကျန်းမာလာပြီး သဘာဝပင်လယ်ထဲသို့ ပြန်လွှတ်နိုင်ပြီဖြစ်သည်။ ကျွမ်းကျင်ပညာရှင်အဖွဲ့က ဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် “ယန်ယန်” ကို ၎င်းအသက်ရှင်နေထိုင်ရန်သင့်လျော်သည့် ပင်လယ်ပြင်သို့ ပို့ဆောင်ကာ ပြန်လွှတ်ပေးခဲ့သည်။ ယခုအကြိမ်ပြန်လွှတ်ပေးမှုသည်လည်း ဆန်းရဝေလငါးနှင့် လင်းပိုင်များ ကူညီကယ်ဆယ်ရေးကွန်ရက် အဆက်မပြတ် ကောင်းမွန်ပြည့်စုံလာမှုကို ဖော်ပြနေပြီး အနာဂတ် အဏ္ဏဝါသက်ရှိများ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် အဖိုးတန်အတွေ့အကြုံများ တိုးလာစေခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်းရမြို့၌ ကူညီကယ်ဆယ်ရေးဝန်ထမ်းများက သင်္ဘောပေါ်တွင် rough-toothed လင်းပိုင် “ယန်ယန်” အား ဇွန် ၈ ရက်က စောင့်ရှောက်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်းရမြို့၌ ကူညီကယ်ဆယ်ရေးဝန်ထမ်းများက rough-toothed လင်းပိုင် “ယန်ယန်” အား ပင်လယ်ထဲပြန်လွှတ်နေသည်ကို ဇွန် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်းရမြို့၌ ကူညီကယ်ဆယ်ရေးဝန်ထမ်းများက rough-toothed လင်းပိုင် “ယန်ယန်” အား ပင်လယ်ထဲပြန်လွှတ်နေသည်ကို ဇွန် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
海南三亚:糙齿海豚被成功放归大海
新华社照片,三亚(海南),2025年6月8日
当日,在海南三亚获得救助的糙齿海豚“阳阳”被成功放归大海。4月24日,这头糙齿海豚在三亚亚龙湾青梅港不幸搁浅,随后多方力量迅速展开救援行动,将其送往生物保育中心接受专业的治疗与护理。
经过一个多月的悉心照料,“阳阳”已恢复健康状态,可以被放归野外。经专家组讨论后,“阳阳”被运往一处适合其生活的海域放归。此次放归表明三亚鲸豚救助网络不断完善,也为今后的海洋生物保护工作积累了宝贵经验。
图说1、2:6月8日,救助人员在船上看护糙齿海豚“阳阳”。 新华社记者 张丽芸 摄
图说4、5:6月8日,救助人员将糙齿海豚“阳阳”放归大海。新华社记者 张丽芸 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.