Videos
ကယ်လီဖိုးနီးယားတောမီးအရှိန်ပြင်းစွာဆက်လက်လောင်ကျွမ်း
ကယ်လီဖိုးနီးယား၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတွင် အကြီးအကျယ်လောင်ကျွမ်းလျက်ရှိသည့်တောမီးအား ငြှိမ်းသတ်ရင်း သြဂုတ်လ ၁၃ ရက်နေ့က မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးထပ်မံအသက်စွန့်ခဲ့ရကြောင်း အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ကယ်လီဖိုးနီးယားတောမီးလောင်ကျွမ်းမှုကြောင့်အသက်စွန့်ရသည့်မီးသတ်သမားအရေအတွက်မှာ လက်ရှိအချိန်တွင် ၆ ဦးအထိ ရှိလာခဲ့ကြောင်းသိရသည်။
မန်ဒိုဆီနိုတွင်လောင်ကျွမ်းလျက်ရှိသည့် တောမီးမှာကယ်လီဖိုးနီးယားတွင် သမိုင်းတလျှောက် အကြီးမားဆုံးတောမီးလောင်ကျွမ်းမှုဖြစ်လာခဲ့ပြီး လက်ရှိအချိန်အထိ ဧကပေါင်း ၃၄၉ဝဝဝ အထိ လောင်ကျွမ်းခဲ့ပြီးဖြစ်သည်။
မန်ဒိုဆီနိုတောမီးမှာ ရာသီဥတုဆိုးဝါးမှုများကြောင့် ပြင်းထန်စွာလောင်ကျွမ်းလျက်ရှိပြီး လက်ရှိအချိန်အထိ အိမ်ခြေရာပေါင်းများစွာကို မီးဘေးသင့်ခဲ့သည်။ ပူပြင်းခြောက်သွေ့ကာကြမ်းတမ်းသည့်လေထုရှိ သည့်ရာသီဥတုအခြေအနေကြောင့် မီးငြှိမ်းသတ်ရာတွင် အခက်အခဲများရှိနေပြီး ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက စတင်လောင်ကျွမ်း နေခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)