Connect with us

Videos

အာရှတိုက်တွင် အရှည်ဆုံးဖြစ်လာမည့်ကြိုးတံတားကြီး၏ ကေဘယ်လ်ကြိုးများကိုဒရုန်းဖြင့်တပ်ဆင်

ကွေ့ကျိုး၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် ချီေ ရွှမြစ်ကူးကြိုးတံတားကြီးကို တည်ဆောက်လျက် ရှိရာ အဆိုပါ တံတားစီမံကိန်းတွင် အင်ဂျင်နီယာများက ဒရုန်းများကိုအသုံးပြုကာ ကေဘယ်လ်ကြိုးများကို တပ်ဆင်လျက်ရှိသည်။ဒရုန်းတစ်စင်းလျင် မီတာ ၂ဝဝဝ အရှည်ရှိသည့် ကေဘယ်လ်ကြိုးကို သယ်ဆောင်ပြီး အဓိက တံတားမျှော်စင်နှင့်ချိတ်ဆက်သွယ်တန်းခြင်းဖြစ်သည်။ တံတားတစ်စင်းလုံး၏ အရှည်မှာ ၂ဝဝ၉ မီတာရှိမည်ဖြစ်ပြီး မြစ်တောင်ကြားကို ဖြတ်သန်းဖောက်ထားသည်။ ၎င်းမှာ အာရှတိုက်တစ်တိုက်လုံးတွင် အရှည်ဆုံးကြိုးတံတားတစ်စင်းဖြစ်လာမည်ဟုသိရသည်။ မြေပြင်နှင့်အကွာအဝေးအမြင့်ပေ ၂၂၈ မီတာ အထက်တွင်ရှိပြီး အထပ် ၇ဝ အဆောက်အဦ၏ အမြင့်နှင့်တူညီသည်။ ထိုတံတားကြီးကို ၂ဝ၁၉ ခုနှစ်တွင် ဖွင့်လှစ်မည်ဟုသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.