Connect with us

International Organizations

အလွန်ဆိုအား ထုတ်ပယ်ပြီးနောက် ရီးရဲလ်မက်ဒရစ် နည်းပြသစ်အဖြစ် အာဘီလိုအာအား ခန့်အပ်

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူး အားကစားကွင်း၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က ရီးရဲလ်မက်ဒရစ်နှင့် ဆီဗီလာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်တွင် ထိုစဉ်က ရီးရဲလ်မက်ဒရစ် နည်းပြချုပ်ဖြစ်သူ ဇာဘီ အလွန်ဆို (ဝဲ-ပထမ) အား တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ဇန်နဝါရီ ၁၁ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်စူပါဖလား ဗိုလ်လုပွဲတွင် ဘာစီလိုနာအသင်းကို ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းက နည်းပြချုပ်ဖြစ်သူ ဇာဘီ အလွန်ဆိုကို ဇန်နဝါရီ ၁၂ ရက်၌ ထုတ်ပယ်လိုက်ပြီး ၎င်း၏နေရာတွင် ဘီအသင်းနည်းပြ အယ်လ်ဗာရို အာဘီလိုအာကို အစားထိုးခန့်အပ်ခဲ့သည်။
အလွန်ဆိုမှာ ရီးရဲလ်အသင်းကို ၃၄ ပွဲ ကိုင်တွယ်ခဲ့ရာတွင် ၂၄ ပွဲ နိုင်၊ ၄ ပွဲ သရေကျခဲ့ပြီး စပိန်စူပါဖလားတွင် ဘာစီလိုနာကို ရှုံးနိမ့်မှုနှင့် ယမန်နှစ် ဇူလိုင်လက ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပီအက်စ်ဂျီအား ၄ ဂိုးပြတ် ရှုံးနိမ့်မှု အပါအဝင် ၆ ပွဲ ရှုံးနိမ့်ခဲ့သည်။
၎င်းအနေဖြင့် ဂျာမန်ကလပ် လေဗာကူဆင်အသင်းနှင့်အတူ နှစ်ရာသီကြာ အောင်မြင်မှုများ ရရှိခဲ့ပြီးနောက် ယမန်နှစ် ဇွန်လက ကာလို အန်ဆယ်လော့တီ၏နေရာတွင် အစားဝင်ရောက်ကာ ရီးရဲလ်နည်းပြအဖြစ် တာဝန်ယူလျက် ကစားသမားဘဝက ငါးနှစ်ကြာကစားခဲ့သည့်အသင်းထံ တစ်ကျော့ပြန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၂၅-၂၀၂၆ လာလီဂါ ဘောလုံးရာသီကို ရလဒ်ကောင်းများဖြင့် ဖွင့်လှစ်နိုင်ခဲ့ကာ ပြိုင်ပွဲစုံ ၇ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီးနောက် မြို့ခံပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်ကို အဝေးကွင်း၌ ၂-၅ ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ သို့သော် ရီးရဲလ်အနေဖြင့် ဘာစီလိုနာကို အိမ်ကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ် အပါအဝင် နိုင်ပွဲ ၆ ပွဲ ထပ်မံရယူနိုင်ခဲ့‌သော်လည်း ချန်ပီယံလိဂ်တွင် လီဗာပူးလ်ကို ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ထိုပွဲစဉ်၌ အလွန်ဆို၏အသင်းမှာ လီဗာပူးလ်ကို အဘက်ဘက်မှ မယှဉ်နိုင်ဘဲ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာကို အနိုင်ရခဲ့သည့်ပွဲစဉ်၌ အလွန်ဆိုနှင့် ကစားသမားအချို့ကြား ဆက်ဆံရေးအဆင်မပြေ ဖြစ်နေခြင်းကို မြင်သာထင်သာရှိစေခဲ့ကာ ထိုပွဲစဉ်၌ ဒုတိယပိုင်းတွင် လူစားလဲခံခဲ့ရသည့် ဗင်နီစီယက်စ် ဂျူနီယာမှာ ဒေါသပေါက်ကွဲခဲ့သည်။ လွန်ခဲ့သောလများအတွင်း ၎င်းတို့နှစ်ဦးကြား ဆက်ဆံရေးမှာ အဖုအထစ်များရှိခဲ့ပြီး ဗင်နီစီယက်စ်အား ခံစစ်ကိုဆင်းကူရန်အတွက် ပိုမိုအားစိုက်ကစားရန် အလွန်ဆိုက တိုက်တွန်းခဲ့သည်။
ရီးရဲလ်အသင်း ခြေစွမ်းကျဆင်းနေခြင်းကြောင့် ခရစ္စမတ်ကာလမတိုင်မီက အလွန်ဆို၏ နည်းပြရာထူးမှာ ခပ်လှုပ်လှုပ်အနေအထားတွင် ရှိနေခဲ့သော်လည်း ဆီဗီလာကို အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့်လည်းကောင်း၊ ရီးရဲလ် ဘက်တစ်ကို ၅-၁ ဂိုးဖြင့်လည်းကောင်း ဆက်တိုက်အနိုင်ရခဲ့ပြီးနောက် စူပါဖလားမတိုင်မီအထိ ၎င်း၏အနေအထားမှာ တည်တည်ငြိမ်ငြိမ် ရှိနေခဲ့ပုံရသည်။

ဆော်ဒီအာရေဗျတွင် ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်စူပါဖလား ဆီမီးဖိုင်နယ်တွင် ရီးရဲလ်က အက်သလက်တီကိုအား ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ဂိုးသမား သီဘော့ထ် ကော်တိုအာ၏ လက်စွမ်းပြကာကွယ်မှုကြောင့်သာ သက်သာရာရခဲ့ခြင်းဖြစ်သလို ဘာစီလိုနာအား ရှုံးနိမ့်ခဲ့သည့် ဗိုလ်လုပွဲတွင်လည်း ရီးရဲလ်အသင်းက ခံစစ်ကိုသာ တောက်လျှောက်အားပြုကစားခဲ့ပြီး ပွဲပြီးခါနီးမှသာ အင်ပြည့်အားပြည့် တိုက်စစ်ဆင်ကစားခဲ့ခြင်းကြောင့် အသင်းဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်အနေဖြင့် အလွန်ဆိုအား ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။
အလွန်ဆို၏နေရာတွင် နောက်ထပ်ကစားသမားဟောင်းတစ်ဦးဖြစ်သလို ရီးရဲလ်လူငယ်အကယ်ဒမီတွင် ငါးနှစ်ခွဲကြာ အလုပ်လုပ်ခဲ့သည့် အသက် ၄၂ နှစ်အရွယ် အာဘီလိုအာနှင့် အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။
အာဘီလိုအာအနေဖြင့် ဇန်နဝါရီ ၁၄ ရက် ညပိုင်းတွင် ဒုတိယတန်းကလပ် အယ်လ်ဘာစီတီနှင့် အဝေးကွင်း၌ ယှဉ်ပြိုင်ကစားမည့် စပိန်ဘုရင့်ဖလားပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်အသင်းကြီးကို ပွဲဦးထွက်ကိုင်တွယ်သွားမည်ဟု သိရသည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၉ ရက်က ရီးရဲလ်မက်ဒရစ်နှင့် ရာယို ဗယ်လက်ကာနိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်မတိုင်မီ အသင်းလိုက်ဓာတ်ပုံရိုက်နေသည့် ရီးရဲလ်မက်ဒရစ်အသင်းမှ ပွဲထွက်ကစားသမားများအား တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူး အားကစားကွင်း၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ရီးရဲလ်မက်ဒရစ်နှင့် ဆယ်လ်တာဗီဂိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်အသင်းမှ ဗင်နီစီယက်စ် ဂျူနီယာ၏ တုံ့ပြန်ပုံအား တွေ့ရစဉ် (ဆင်ဟွာ)

………………
(English Version)
Arbeloa named new Real Madrid coach after Alonso sack
MADRID, Jan. 12 (Xinhua) — Real Madrid sacked head coach Xabi Alonso on Monday following Sunday night’s 3-2 defeat to FC Barcelona in the Spanish Super Cup final, with the club’s B-team coach Alvaro Arbeloa named as his replacement.
Alonso leaves after 34 matches in charge with 24 wins, four draws and six defeats, including Sunday’s loss to Barcelona and a 4-0 defeat to Paris Saint Germain in the semi-final of the FIFA Club World Cup in July.
The coach joined Real Madrid last June to replace Carlo Ancelotti after two successful seasons with Bayer Leverkusen, returning to the club he represented for five years as a player.
After losing in the semifinals of the Club World Cup, Real Madrid had a positive start to the 2025-26 La Liga season, winning its first seven matches in all competitions before suffering a 5-2 thrashing away to local rivals Atletico Madrid. However, the team responded with another six wins, including a 2-1 victory at home to Barcelona, before a 1-0 Champions League defeat to Liverpool where Alonso’s side was completely outplayed.
The win against Barcelona also showed that Alonso had a poor relationship with some players, especially Vinicius Jr, who was angry at being subbed out of the match in the second half, and the relationship between the two has been a factor in recent months, with Alonso at times seen asking the Brazilian to work harder to provide defensive cover.
A dip in form meant Alonso’s job had looked to be in danger before Christmas, but a 2-0 win at home to Sevilla followed by a 5-1 victory over Real Betis seemed to have stabilized his situation before the Super Cup.
Real Madrid beat Atletico 2-1 in the semifinal in Saudi Arabia, but was only saved from defeat by a series of saves from goalkeeper Thibaut Courtois, and Sunday’s defeat, in which Madrid played a defensive game before launching into all-out attack in the closing minutes, appears to have persuaded club president Florentino Perez to dispense with Alonso’s services.
Alonso is replaced by 42-year-old Arbeloa, another former player, who has spent five and a half years working with the club’s youth system.
Arbeloa makes his debut in the first-team dugout away to second tier Albacete in the Copa del Rey on Wednesday night.
English Caption 1
Xabi Alonso (1st L), head coach of Real Madrid, reacts during a La Liga football match between Real Madrid and Sevilla FC at Santiago Bernabeu stadium in Madrid, Spain, on Dec. 20, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 2
Players of Real Madrid line up for a group photo before the La Liga football match between Real Madrid and Rayo Vallecano in Madrid, Spain, on Nov. 9, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 3
Madrid’s Vinicius Junior reacts during a La Liga football match between Real Madrid and Celta Vigo at Santiago Bernabeu stadium in Madrid, Spain, on Dec. 7, 2025. (Photo by Gustavo Valiente/Xinhua)