Connect with us

Media

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ ဆိပ်ကမ်း၌ မီးလောင်မှုကြောင့် လူ ၂ ဦးသေဆုံး၊ ၁၀ ဦးခန့် ဒဏ်ရာရရှိ

ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ ဆိပ်ကမ်း၌ စက်လှေမီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးကာ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဆိပ်ကမ်းတွင် ဧပြီ ၂၀ ရက် ညနေ ၆ နာရီခန့်က ဆီတင်မော်တော် မီးလောင်ပေါက်ကွဲပြီး အနီးနားရှိ စက်လှေများပါ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ ယင်းမီးလောင်မှုကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း ရဲအရာရှိက ပြောသည်။

ယင်း မီးလောင်မှုကြောင့် စက်လှေ ၁၀ စီးခန့် မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ (Xinhua)