Media
ယူနန်ပြည်နယ် ရှီးမုန်သို့ သွားရောက်ပြီး တိုင်းရင်းသား ဒေသအစားအစာ စားပွဲရှည်ထမင်းဝိုင်း မြည်းစမ်းကြည့်ပါ
ယူနန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
မကြာသေးမီက ကျရောက်ခဲ့သည့် သင်္ကြန်ကာလအတွင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ ရှီးမုန် ဝလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ တိုင်လူမျိုး ကျေးရွာတစ်ခုတွင် “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စားပွဲရှည်ထမင်းဝိုင်း” ကို ကျင်းပခဲ့သည်။
ဝါးစားပွဲရှည်ပေါ်တွင် လားဟူရိုးရာ ဝက်သားဟင်း၊ အမဲသား ဆာဖြယ်၊ ဝလူမျိုးရိုးရာဆန်ပြုတ်နှင့် ကောက်ညှင်းပေါင်း အစုံဗန်း စသည့် ဒေသရိုးရာအစားအစာများကို စုံလင်စွာ ခင်းကျင်းထားသည်။
တိုင်၊ ဝ၊ လားဟူ စသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများသည် မိမိတို့၏ ရိုးရာဝတ်စုံများကို ဝတ်စားဆင်ယင်ကာ အဝေးမှလာရောက်ကြသော ခရီးသွားဧည့်သည်များနှင့်အတူ ယှဉ်တွဲထိုင်ရင်း ရသာမွန်စားသောက်ဖွယ်ရာများဖြင့် မိတ်ဖွဲ့ခဲ့ကြသည်။
ယခုအကြိမ် စားပွဲကို မေ ၅ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ထမင်းတစ်ဝိုင်းတည်း အတူစားသုံးခြင်း၊ တစ်ဖလားတည်း ရေအတူတူပက်ခြင်း စသည့် ထူးခြားသော အပြန်အလှန်တုံ့ပြန်မှုများမှတစ်ဆင့် ဒေသန္တရ အရောင်အသွေးစုံလင်သော တိုင်းရင်းသားရိုးရာဓလေ့များကို ဖော်ထုတ်ပြသသွားမည်ဖြစ်ကာ ခရီးသွားဧည့်သည်များအတွက် ယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံသစ်များကို အပြည့်အဝပေးစွမ်းသွားမည် ဖြစ်သည်။ (Xinhua)
……………………………
(Chinese Version)
到云南西盟 品味民族特色长桌宴近日正值泼水节,“民族团结长桌宴”在云南省普洱市西盟佤族自治县的傣族村寨里举行。长竹桌上摆满了拉祜小炒、牛撒撇、佤族稀饭、糯米拼盘等特色美食。傣族、佤族、拉祜族等各民族同胞身着盛装,与远道而来的游客并肩而坐,以水为媒、以食会友。据悉,本次活动将持续至5月5日,通过共吃一桌饭、同泼一盆水等特色互动,展现当地多彩的民族风情,为游客带来沉浸式的文化体验。记者:陈欣波
